နတ်ဆိုးပိုင်းဖြတ်ခြင်းဓါးပေါ်ကနေ အလွန်တရာကို လွှမ်းမိုးနိုင်လွန်းတဲ့ ဆေဘာအလင်းတွေ တရွှီးရွှီးနဲ့ ထွက်ပေါ်နေခဲ့ပြီး လေဟာနယ်တောင် အက်ကွဲမတက် ဖြစ်နေခဲ့ပါတယ်။

“ဒါ . . ဒါ. . ဒါ. . . ”

သိုင်းအရှင်သခင် ရှုမူက ကောင်းကင်ထက်မှာ ရောက်နေတဲ့ ယန်ချီကို ကြည့်ပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပါတယ်။

“ဘာကြောင့်များ ယန်ချီက ဒီလောက် ကြောက်မက်ဖွယ်ကောင်းသွားတာလဲ”

တျန်းဘေးခံစစ်တံတိုင်းပေါ်က သိုင်းပညာရှင်တွေနဲ့ စစ်သားတွေက ယန်ချီရဲ့ ပြောင်းလဲမှုကို ခံစားခဲ့ရပြီး သူတို့အားလုံး အံ့သြမှင်တပ်နေခဲ့ကြပါတယ်။

သူတို့ရဲ့ အမြင်မှာတော့ ယန်ချီက အလွန် ကြောက်မက်ဖွယ်ကောင်းပါတယ်။ သူတို့တွေအကြည့်တွေက ယန်ချီဆီကနေ လွဲဖို့ မဖြစ်နိုင်အောင် ဖြစ်နေခဲ့ကြပါတယ်။

ရုတ်တရက် ယန်ချီက လှုပ်ရှားလိုက်ပါတယ်။

သူက တျန်းဘေးခံစစ်တံတိုင်းအောက်ကို ဆင်းသက်လိုက်ပါတယ်။

မိုးပျံနဂါးရဲ့ ပထမအဆင့် စွမ်းအားတွေက သူ့ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်နေခဲ့ပါတယ်။ သူသွားတဲ့ နေရာတိုင်းမှာ သွေးတွေက မြစ်တွေလို စီးဆင်းနေခဲ့ပါတယ်။

“မိုးပျံနဂါးရဲ့ စွမ်းအား ..  အဲဒါ မိုးပျံနဂါးရဲ့ စွမ်းအားပဲ .. ”

ခံစစ်တံတိုင်းပေါ်က သိုင်းအရှင်သခင် ရှုမူက ကျယ်လောင်စွာ အော်ဟစ်မိလိုက်ပါတယ်။

သိုင်းအရှင်သခင် ရှုမူရဲ့ ပြောစကားကို ကြားတဲ့အခါ တျန်းဘေးခံစစ်တံတိုင်းပေါ်က သိုင်းပညာရှင်တွေနဲ့ စစ်သားတွေအားလုံး အံ့သြမှင်သပ်သွားကြပြီး လျှာကိုက်မိလုမတက် ဖြစ်သွားကြပါတယ်။

မိုးပျံနဂါးရဲ့ စွမ်းအားဆိုတာ ဘာလဲ သူတို့အားလုံး သိကြပါတယ်။

ဒီစွမ်းအားက ဘိုးဘေးဆရာအဆင့် ပိုင်ဆိုင်တဲ့ တိုက်ပွဲဝင်စွမ်းအားဖြစ်ပါတယ်။

သိုင်းအရှင်သခင် ယန်ချီက ဘိုးဘေးဆရာ အဆင့်ကို ရောက်သွားပြီလား။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now