တနည်းအားဖြင့် ဆိုတော့ သူမက တကယ်ကို မူလခန္ဓာကိုယ်ကို ပိုင်ဆိုင်နေပါပြီ။

“ယန်ချီ ရှင်. .  ရှင်. .   ရှင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

အချိန်အတော်ကြာမှ စုရွှင်းအာရဲ့ အာရုံတွေကို ပြန်စုစည်းလိုက်ပြီးနောက် ယန်ချီကို ထိတ်လန့်စွာ ကြည့်လိုက်ပါတယ်။

စုရွှင်းအာရဲ့ အမြင်မှာတော့ ဒီလောကမှာ မယုံနိုင်စရာ အကောင်းဆုံးတစ်ခုကို မြင်လိုက်ရသလို ဖြစ်ပါတယ်။

“ဒါက လျှို့ဝှက်ချက်လေ”

ယန်ချီက ပြုံးပြီး ပြောလိုက်ပါတယ်။

ယန်ချီက သူမကို အမှန်အတိုင်းပြောခဲ့ပေမယ့် သူမက အိပ်ယာဝင်ပုံပြင်သဖွယ် သဘောထားခဲ့ပါတယ်။ သူ့အနေနဲ့ အချို့လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းထားရဦးမှာပဲ ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ စုရွှင်းအာရဲ့ စိတ်ထဲမှာ အဆုံးမရှိတဲ့ ထိတ်လန့်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။

“မင်း အံ့အားသင့်ဖို့ မလိုပါဘူး။ ဒီလိုမှ မဟုတ်ရင် မင်း သိုင်းဆရာအဆင့်ကို ချိုးဖြတ်ပြီးရင် မင်း စိတ်ဝိဉာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်မှာ ပိုပြီး အံ့အားသင့်ဦးမယ်”

ယန်ချီက ပြုံးပြီး ပြောလိုက်ပြန်ပါတယ်။

မူလခန္ဓာကိုယ်ပေါင်းစည်းခြင်းနဲ့ ပတ်သတ်ပြီးကြောက်စရာ ကောင်းတာ တစ်ခုက ပိုင်ရှင်အနေနဲ့ သိုင်းဆရာအဆင့် ရောက်ခဲ့ရင် သူ့ရဲ့ မူလခန္ဓာကိုယ်က စိတ်ဝိဉာဉ်ခန္ဓာကိုယ် တစ်ခု ဖြစ်လာမှာပါ။

စုရွှင်းအာက ဒီစကားကို ကြားတဲ့အခါ ပိုပြီး အံ့အားသင့်နေခဲ့ပါတယ်။

သူမ သိုင်းဆရာအဆင့် ရောက်ရင် သူမက စိတ်ဝိဉာဉ်ခန္ဓာကိုယ် ပိုင်ဆိုင်မှာလား။

သူမက မူလခန္ဓာကိုယ် မပိုင်ဆိုင်ခဲ့ရင် ယန်ချီ ဘာပြောပြော သူမ ယုံမှာ မဟုတ်ပါဘူး။

ဒါပေမယ့် အခုတော့ သူမက ယန်ချီ ပြောတာကိုလည်းယုံကြည်ခဲ့ပါတယ်။

ဒီအချိန်မှာ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် စုခွန်က လျှောက်လာခဲ့ပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now