“ဒါက ဘာမှ မဟုတ်ပါဘူး။ ငါတို့တွေက သူငယ်ချင်းတွေ မဟုတ်ဘူးလား”

ယန်ချီက ပြုံးလိုက်ပြီး ကျောင်ဒုံရဲ့ ပခုံးကို ပုတ်လိုက်ပါတယ်။

သူတို့နှစ်ယောက်က အချိန်အတော်ကြာ စကားပြောဆိုပြီးနောက် ယန်ချီလည်း မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကို ပြန်လာခဲ့ပါတယ်။

ခြေလှမ်းအနည်းငယ်လျှောက်လှမ်းပြီးနောက် ကျောင်ဒုံက ယန်ချီကို ရုတ်တရက် လှမ်းခေါ်လိုက်ပါတယ်။

“ယန်ချီ”

“ဘာများ ရှိသေးလို့လဲ”

ယန်ချီက ပြန်လှည့်လိုက်ပြီး ကျောင်ဒုံကို သိလိုစိတ်နဲ့ ကြည့်လိုက်ပါတယ်။

“မင်း နိုင်ပါစေ”

“ငါ နိုင်မှာပါ”

ယန်ချီရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားခဲ့ပြီး သူ့မျက်နှာပေါ်မှာတော့ အပြုံးလေးတစ်ခု မသိမသာ ပေါ်လာခဲ့ပါတယ်။

ဒါနဲ့ သူ မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းကို ပြန်ရောက်လာခဲ့ပါတယ်။

နောက်တစ်နေ့မှတော့ ယန်ချီက သူ့အခန်းထဲမှာပဲ ရှိနေခဲ့ပါတယ်။

သတင်းထောက်တွေက ယန်ချီကို လာရှာကြပေမယ့်လည်း မည်သည့် အသုံးဝင်တဲ့ ဓါတ်ပုံတွေကိုမှ ရိုက်ခွင့် မရခဲ့ပါဘူး။

လင်ဟိုင်အခြေစိုက်စခန်းရှိ လူအများက ဒီကိုယ့်ကိုယ်ကို သတ်သေတဲ့ တိုက်ပွဲကို အထူးအာရုံစိုက်ခဲ့ကြပါတယ်။ သူတို့တွေက ယန်ချီတစ်ယောက် ကြိုးစားပမ်းစား ကျင့်ကြံနေလိမ့်မယ်လို့ တွေးနေခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ယန်ချီက သူ့အခန်းထဲမှာပဲ အမြဲတမ်းရှိနေတာကို တွေ့တော့ သူတို့အားလုံး အံ့အားသင့်ခဲ့ပါတယ်။

ဒီတစ်ခါလည်း.  .. ။

သူတို့နှစ်ယောက်ရဲ့ စွမ်းအားကွာဟချက်က အလွန်ကြီးမားတာကို သူ သိတာကြောင့် ဒီလိုမျိုး ပြုမူနေသလားဆိုတာ မသိနိ်ုင်ပါဘူး။

လင်ဟိုင်အခြေစိုက်စခန်းရဲ့ သိုင်းပညာရှင်များဖိုရမ်မှာတော့ ဒီကိုယ့်ကိုယ်ကို သတ်သေတဲ့ တိုက်ပွဲနဲ့ ပတ်သတ်ပြီး ပို့စ်တွေ များစွာ ရှိပါတယ်။ အကြောင်းအရာ အားလုံးကတော့ အတူတူပါပဲ။ ပို့စ်တင်သူအားလုံး တွေးထားတာကတော့ ယန်ချီအနေနဲ့ ထန်လုံသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် ဟွမ်ကျန်ကို စိတ်ခေါ်တာက သူ့အနေနဲ့ ကောင်းကင်နဲ့ မြေပြင်တို့ ကြီးမားပုံကို တကယ်မသိဘူးလို့ ထင်နေခဲ့ကြပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now