"ငါ မှားလာခဲ့တာလား အကယ်၍မောင်က ဒီမှာမဟုတ်ဘူးဆို ငါဘယ်သွားရမှာလဲ"

ငိုချင်စိတ်တွေကို အတင်းထိန်းရင်း ဆူးဒူးတုပ်ထိုင်လျက်သားနဲ့ ဟိုကြည့်ဒီကြည့်လုပ်နေသည် မကြာခင်မှာ မှောင်လာတော့မှာ ငါဘယ်မှလဲမသွားရဲဘူး ငါဘယ်လိုလုပ်ရမှာလဲ..ဆူးထရပ်ကာ ဟိုကြည့်ဒီကြည့်လုပ်နေတုန်း တွေ့လိုက်တဲ့သူက..

"မောင်!!

ဆူး တိုးတိုးလေးရေရွတ်မိသည် မောင်ကတော့ မိန်းကလေးတစ်ယောက်နဲ့အတူ ရယ်လို့မောလို့...ပိုချောလာတယ်မောင်..အရင်ကထက် ပိုပြီးခန့်လာတာပဲ ကောင်းကောင်းမွန်မွန်နေထိုင်နေတယ်ထင်ပါ့...
ထိုမိန်းကလေးက ပြန်သွားတော့ မောင်ကခေါင်း ငုံ့ကာ အိတ်ထဲမှ တစ်ခုခုကိုရှာလျက်လာနေသည် ဆူးအနားမောင်ရောက်နေတာတောင် မောင်ကဆူးကိုမမြင်သေးး

"မောင်~~"

ဆူး မောင်က ဆူးကိုကြောင်ကြည့်နေတာကြောင့် ခေါ်လိုက်သည် အံသြရိပ်တွေပြည့်နေတဲ့ မျက်လုံးကိ​ု မောင်က မှိတ်လိုက်ဖွင့်လိုက်ပြီး ဆူးကို အသေချာကြည့်နေသည်

"မောင် ငါအရမ်းလွမ်းနေတာ "

ဆူးပြောကာဖက်လိုက်သည်

"ဆူး ဘယ်လိုလုပ်"

"
ငါမောင့်ဆီ လိုက်လာတာ ငါမောင့်ကိုတောင်းပန်ချင်လို့ ငါ့မှာရှင်းပြစရာတွေလည်း အများကြီးရှိတယ်မောင်"

ဆူး ပြောတော့ မအားသေးဘူးပြောကာ အိမ်ထဲဝင်သွားတဲ့မောင်...နေစရာမရှိဘူးပြောလိုက်တော့ မောင့်​ခြေလှမ်းတွေ ရပ်တန့်သွားတာ ဆူးမြင်လိုက်ပါသည်
ဒါပေမယ့် မောင်ကအထဲဝင်သွားခဲ့တယ်..

ဆူးလက်မလျှော့နိုင်ပါ ခြံရှေ့မှာဘဲ ငုတ်တုတ်လေးထိုင်လို့ စောင့်နေမိသည် မောင်ဆူးကိုမြင်သာတဲ့နေရာမှာပေါ့..
ညမှောင်လာတော့ နည်းနည်းစိမ့်လာချင်သည် တဖြည်းဖြည်းနဲ့ အေးလာတော့ ဆူးတုန်ယင်နေလေပြီ အိမ်ဆီကိုလှမ်းကြည့်တော့လည်း ​မောင့်အရိပ်လေးတောင် မမြင်ရပေ..
.. ဆူး အားငယ်စွာနဲ့ပဲ ထလိုက်သည် အချမ်းသက်သာစေရန်လို့ငှာ ဟိုခုန်ဒီခုန် ထိုင်လိုက်ထလိုက်လုပ်နေလိုက်သည် ခဏကြာတော့ အသံတွေကြားရလို့ လှည့်ကြည့်တော့ မောင်ဖြစ်နေသည်
ဆူးသိသားပဲ မောင်က ဆူးကို ပစ်ထားမှာမဟုတ်ဘူးဆိုတာ...

ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~(ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~)Where stories live. Discover now