ဒါပေမယ့်လည်း ဒီကိစ္စတွေ မပြီးဆုံးခင်မှာပဲ နောက်ထပ် တိုက်ပွဲတစ်ပွဲက ထပ်မံပေါ်လာခဲ့ပါတယ်။

သုံးရက်ကြာပြီးရင် ယန်ချီက ထန်လုံသိုင်းသင်တန်းကျောင်း ရဲ့ ခန်းမသခင် ဟွမ်ကျန်နဲ့ တိုက်ခိုက်လိမ့်မှာ ဖြစ်ပါတယ်။

ဒီတိုက်ပွဲကလည်း သူသေကိုယ်သေတိုက်ပွဲ ဖြစ်မှာ သံသယ ဖြစ်စရာကို မလိုပါဘူး။

ယန်ချီမှာ စိတ်ဝိဉာဉ်ခန္ဓာကိုယ် ရှိပေမယ့်လည်း သူက မူလဆရာသခင်အဆင့်ဖြစ်ပါတယ်။ သူ့မှာ အဆင့်မြင့်ဆရာသခင်အဆင့်ကို အနိုင်တိုက်ခိုက်ဖို့ အခွင့်အရေး မရှိပါဘူး။

တိုက်ပွဲပြီးသွားပြီးနောက် ယန်ချီက တိုက်ပွဲကွင်းပြင်ကနေ ပြန်ထွက်လာခဲ့ပါတယ်။

အဲ့ဒီနောက် သူက ရင်ပြင်ထဲကနေ ဖြေးညှင်းစွာ လျှောက်သွားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ နွေးထွေးတဲ့ နေရောင်ခြည်က ရှိနေဆဲပါ။ သူက ဒီနေရာနဲ့ လုံးဝ မသက်ဆိုင်သလို ကျောခိုင်းပြီး ထွက်သွားခဲ့ပါပြီ။

မြွေမိုးကြိုးသိုင်းသင်တန်းကျောင်းက လူတိုင်းလည်း ယန်ချီနောက်ကို လိုက်ပြီး ထွက်သွားကြပါတယ်။

. . . . .. .. . . . ..

မြွေမိုးကြိုးသိုင်းသင်တန်းကျောင်း ရဲ့ ခန်းမသခင် ရုံးခန်း. . . . ။

ခန်းမသခင် စုခွန် ၊ စုရွှင်းအာ၊လ က်ထောက်ခန်းမသခင်နှစ်ယောက်နဲ့ ဆရာတွေအားလုံးက ခန်းမသခင်ရုံးခန်းထဲမှာ ရှိနေခဲ့ပါတယ်။

ယန်ချီလည်းပဲ ဒီနေရာကို ရောက်နေခဲ့ပါတယ်။

“ယန်ချီ. . . မင်း. . . မင်း နောက်သုံးရက်ကြာရင် ဟွမ်ကျန်နဲ့ တကယ်ကို တိုက်ခိုက်မှာလား”

“အင်း”

ယန်ချီ ခေါင်းညိတ်လိုက်ပါတယ်။

တကယ်တော့ စိတ်ဝိဉာဉ်ခန္ဓာကိုယ်နဲ့သူ့ရဲ့ လက်ရှိတိုက်ခိုက်ရေးစွမ်းအားက ဂျင် ၃၀၀၀၀၀ ရှိပါတယ်။ ဒါပေမယ့်လည်း အနီရောင်မီးတောက်နွားသိုးဓါးက ချိုစွေတစ္ဆေငိုညည်းသံဓါးအဖြစ် အဆင့်တက်သွားပြီဆိုတာ သူ သိပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now