သူကားကို ခပ်မြန်မြန်မောင်းကာ တစ်နေရာကို ဆိုက်ရောက်လာလေ၏။

"ဂယူ"

ခေါ်တာကို မထူးတဲ့အပြင် လျစ်လျူရုှကာ ဆင်းဖို့ ပြင်နေတဲ့ ဂယူကို လက်ကောက်ဝတ်က ဆွဲကာ ပြန်ထိုင်ခိုင်းလိုက်ရတယ်။သူ ဂယူ့ကို ကြည့်လိုက်တော့ အရည်ကြည်တွေက မျက်လုံးကြည်တောက်တောက်လေးတွေတွင် ရစ်ဝိုင်းလာတယ်။ရင်ထဲ ထိတ်ကနဲ ဖြစ်သွားကာ ဂယူ့ပါးပြင်ကို ထိကိုင်လိုက်မိတယ်။

"ဂယူ! ဘာဖြစ်တာလဲ မောင့်ကို ပြော ပြောလိုက် ဂယူ"

"......"

"ပြောလို့ ဂယူ မောင့်ကို ပြောလိုက်စမ်းပါ ဘာဖြစ်တာလဲ"

အဖျားပိုင်းတွင် အနည်းငယ် ကျယ်လောင်သွားသလို တစ်ဆတ်တည်း ဂယူ့ ပခုံးကို ခပ်သာသာ ကိုင်လုှပ်မိလိုက်တယ်။သူဒီလိုတွေ လုပ်နေတာ ဂယူ့ကို ချစ်လို့ ဂယူ့ မျက်ရည်တစ်စက် ကျရင် သူ့ရင်ဘတ်ကြီးက စုတ်ပြတ်ထွက်မတတ် နာကျင်ရလွန်းလို့။

"မောင် ဘာလို့ငါ့ကိုကြိုက်တာလဲ ဟင်"

"ဂယူ့!"

ဘာလို့ ဂယူ့ ဒီလို​တွေ ​မေးနေမှန်းမသိ။ဂျောင်မီက စ​နောက်ပြောလိုက်တာကို စိတ်ခုသွားတယ် ထင်၏။သူစိတ်လျော့ကာ ဂယူ့ကို ရင်ခွင်ထဲ ဆွဲထည့်ပစ်လိုက်တယ်။ခန္ဓာကိုယ်သေးသေးလေးက သူ့ရင်ခွင်ထဲ အံဝင်ခွင်ကျ။

"ငါကလေ တခြားသူတွေလောက် အားသာချက်မများတာကို မောင်က ဘာလို့-"

"ဒီအတိုင်းပဲ ဂယူ့ ဖြစ်နေလို့"

"....."

"ချွဲဘောမ်ဂယူ ဖြစ်နေလို့ကို ချစ်တာ တကယ်တမ်းပြောရရင် ချစ်တာထက်ကိုပိုပြီး မြတ်နိုးတယ် ဂယူ့"

မောင့်ပြောစကားတွေ ကြားအပြီး သူ့မျက်နှာက ပန်းရောင်သန်း သွားခဲ့တာကို မောင်ကတော့ မြင်မှာမဟုတ်။ကံကြမ္မာကြီးကို ကျေးဇူးတင်ပါ၏။သူ့အပေါ် မရက်စက်သွားခဲ့တဲ့အတွက်ပါ။

မောင်က သူ့ဆံပင်တချို့ကို ခပ်သာသာဖွကာ ပြော၏။

"ချစ်တယ် ဂယူ"

"အင်း ငါလည်း မောင့်ကို ချစ်တယ်"

"ရွှတ်"

မောင်(ေမာင္)Where stories live. Discover now