"မင်းတို့ကလဲကွာ စော်လေးသနားပါတယ်"

"ဟျောင့်သူက ငါ့အကြိုက်ပုံစံကွ"

"ဟားဟား.."

လူငယ်ျချို့ရဲ့အသံကြောင့် ကျန်တော် စာလုပ်နေရင်းက ခေါင်းထောင်ကြည့်လိုက်တော့ ထင်မထားသည့်သူတွေပင်။

အခုအချိန်မှာမတွေ့ချင်ဆုံးလူတစ်ယောက်ကိုတွေ့လိုက်ရတဲ့ခံစားချက်က အဆိုးဝါးဆုံးပဲ ဖြစ်နေမလားပင်။

perth က chimon ကိုသတိမထားမိပဲ ဘီယာပုလင်းတွေထားတဲ့နေရာသို့ စကားပြောရင်းဝင်သွားလေသည်။

chimon လဲ စာကိုပဲ ပြန်ကြည့်နေလိုက်ပြီး ခနနေတော့ သူတို့ဟာဘီယာပုလင်းတချို့ စားသရာအနည်းငယ်နှင့်အတူပြန်လာကြ၏။

သူတို့ကောင်တာမှာပစ္စည်းတင်လိုက်ကြတော့
ကျန်တော်လဲ စာအုပ်ကိုပိတ်ကာ ပစ္စည်းတွေကို ကုတ်စစ်လိုက်သည်။

"ဘတ် ၉၀ ပါ"

perth ကပိုက်ဆံထုတ်ပြီး ကျန်တော့ဆီပေးလာတဲ့အချိန်သူကျန်တော့မျက်နှာကိုမှတ်မိသွားပုံပင်။

"ဟော...ဒီအသံကိုရင်းနှီးနေပါတယ်လို့..လက်စသတ်တော့မင်းကို"

"ပိုက်ဆံပေးပြီးပြန်လိုက်တော့"

"ဘာလို့အဲ့လောက်နှင်ထုတ်နေတာလဲ..ဘာလဲ ငါမနတ်ကကိစ္စပြသာနာရှာမှာစိုးလို့လား"

"perth!!"

"ဟားဟား.."

သူကပိုက်ဆံကိုကောင်တာခုန်မှာချပေးခဲ့ပြီး ပစ္စည်းတွေကိုယူကာထွက်သွားတော့မှကျန်တော်လဲသတ်ပြင်းချနိုင်သည်။

............

အလုပ်ဆင်းချိန်က ညနက်တာကြောင့် ကျန်တော်လဲ အိမ်ကိုအမှောင်ထဲလမ်းယျှောက်ပြန်ခဲ့ရသည်။

ထိုသို့ညနက်မှအိမ်ပြန်ရတာဟာ ကျန်​​တော့အတွက်တော့သိပ်မထူးဆန်းတော့ပေ။ အမြဲတမ်းလိုလို ညနက်တဲ့အထိ အလုပ်လုပ် ရတဲ့အတွက်အိမ်ပြန်လဲအမြဲတမ်းနောက်ကျတတ်သည်။

အကိုဖြစ်သူကလဲ ဘယ်တော့မှလာမကြိုဖူးတာကြောင့် အမှောင်ကိုကြောက်သော်လဲ တစ်ယောက်ထဲသာအားတင်းပြန်ရ၏။

The end of the love story (uni/zaw) (perthchimon)Where stories live. Discover now