နောက်တစ်နေ့ရောက်တော့ ဆိုင်တွင် စားသုံးသူများအပြည့်ဖြစ်နေ၏.... သူတို့အားလုံးက အစားအသောက်နဲ့ သီချင်းတွေကိုနှစ်သက်တာကြောင့် ခဏခဏလာနေကြသည်.... အမတ်ကြီးတောင်မှ ဒီလိုဒီဇိုင်းမျိုးဘယ်လိုရလဲဟုမေး၏... သို့ပေမဲ့ ငါ့မိဘတွေက ဒါတွေအားလုံး ငါ့အကြံဉာဏ်တွေဟု ဖြေလိုက်သည်...

ကျန်တဲ့လူတွေ ငါတို့အကြံတိုင်းလိုက်လုပ်ရင် ငါ့လျှို့ဝှက်ချက်ကို ထုတ်ဖော်မိမှာစိုးတယ်.... ငါက ငါတို့ဆိုင်ကို တခြားဆိုင်တွေထက်သာအောင်လုပ်ချင်ရုံပဲ...

ဘယ်သူမှ ငါဘယ်သူဆိုတာကိုမသိအောင် စင်ပေါ်ကနာမည်ကို ဟုပေးလိုက်သည်... ဆိုင်မှာ ကြီးပွားဖို့အတွက် တစ်လမှာနှစ်ကြိမ် ငါဖျော်ဖြေမည်... ထုံးစံအတိုင်း ငါတို့အတွက် ကောင်းတာလည်းကြုံရသလို ဆိုးတာလည်းကြုံရ၏....

ဆိုးတာက ကျေးဇူးမသိတတ်တဲ့ငါ့အစ်မ ဝမ်ရှုပင်... တစ်ည ငါဖျော်ဖြေနေတုန်း သူမနဲ့ သူမသူငယ်ချင်းတွေ ဆိုင်ကိုရောက်လာ၏... ငါတို့ဆိုင်ရဲ့ကျော်ကြားလာမှုကြောင့် သူမက မိသားစုထဲကိုပြန်လာရန်လုပ်ခဲ့သည်...

သူမက မျက်ရည်အတုတွေကျကာ အဖေနဲ့အမေအား သူမ ပြန်လာချင်ရန်တောင်းပန်ပေမဲ့ သူတို့က ငြင်းဆန်ခဲ့၏... သူမက လူတိုင်းရဲ့ရှေ့မှာ ပြဿနာဖန်တီးခဲ့ပြီး သူမရဲ့မိသားစုက သူမကိုလုံးဝမချစ်ကြောင်း သူမကို ဘယ်လိုနှိပ်ဆက်ကြောင်း ငိုယိုပြောဆိုလေသည်...

အမေနဲ့ အဖေက သူမကိုပြန်ခေါ်ဖို့ဆုံးဖြတ်လိုက်သည်... အဘယ်ကြောင့်ဆိုသော် သူတို့ကကောင်းတဲ့လူတွေဖြစ်ပြီး လူတွေက သူတို့ကို မကောင်းတဲ့လူတွေဟု ထင်သွားမှာစိုးလို့ပင်... ငါ အဲ့မိန်းမကိုမုန်းပေမဲ့လည်း အဖေနဲ့အမေရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာခဲ့သည်...

သူမ ငါတို့နဲ့အတူနေတော့ သူမကိုယ်သူမ ဘုရင်မလိုနေနေ၏... အကယ်၍ သူမနည်းလမ်းမရှိတော့ရင် ကောလဟာလတွေဖန်တီးသည်... တစ်ညတုန်းကဆိုရင် စားပွဲထိုးလေးတစ်ယောက်က သူမကို ဘဲကင်အစား ငါးကင်မှားချပေးလိုက်မိ၏...

သူမနဲ့ သူမသူငယ်ချင်းတွေက စားပွဲထိုးကလေးကို ရိုက်နှက်ခဲ့ကြသည်.. ကံကောင်းသွားတာက ငါအိမ်ကို အချိန်မှီပြန်ရောက်လာပြီး စားပွဲထိုးလေးကို မီးဖိုချောင်ထဲတွင် ငိုနေလျက်တွေ့ခဲ့ရသည်... ငါ့အမေကတော့ သူဒဏ်ရာတွေကို ဆေးထည့်ပေးနေတာဖြစ်၏..

ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသာပြန်)                          Where stories live. Discover now