ဒါပေမယ့်လည်း လင်တျန်းဇောင်က လင်ဟိုင်အခြေစိုက်စခန်းမှာ နာမည်ကျော်ကြားနေတာ အတော်ကြာပါပြီ။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကဂျင် ၂၀၀၀၀၀ လောက် ရှိလောက်ပါတယ်။ ဟွမ်ကျန်ဆိုရင် ပြောဖို့ မလိုတော့ပါဘူး။ သူက အဆင့်မြင့် ဆရာသခင်တစ်ဦးဖြစ်ပြီး နွားသိုးသုံးကောင်စွမ်းအားကို ပိုင်ဆိုင်တာဆိုတော့ သူ့ရဲ့ စွမ်းအားက အနည်းဆုံး ဂျင် ၄၅၀၀၀၀ ရှိလောက်ပါတယ်။

ဒါ့အပြင် ဟွမ်ကျန်က အဆင့်မြင့် ဆရာသခင်အဆင့်ကို ရောက်နေတာ အတော်ကြာပါပြီ။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဂျင် ၄၅၀၀၀၀ တောင် မကလောက်တော့ပါဘူး။

လင်ဟိုင်အခြေစိုက်စခန်းမှာ နေတဲ့ ပြည်သူတွေက ယန်ချီရဲ့ သတ္တိရှိမှုကို ချီးမွမ်းကြပေမယ့် ယန်ချီက သူ့အသက်ကိုတောင် ဂရုမစိုက်တဲ့ လူမိုက်တစ်ယောက်အဖြစ် ခံစားခဲ့ရပါတယ်။

သူတို့တွေက ယန်ချီတစ်ယောက် မီဒီယာတွေအရှေ့မှာ ဒီလို စကားကို ဘာကြောင့် ပြောရဲတာလဲဆိုတာကို နားမလည်ခဲ့ကြပါဘူး။ ထန်လုံသိုင်းသင်တန်းကျောင်းရဲ့ ခန်းမသခင် ဟွမ်ကျန်သာ သူ့ကို တိုက်ခိုက်ခဲ့ရင် သူ သေသွားနိုင်ပါတယ်။

“ဆရာသခင် ခင်ဗျ ခင်ဗျားလက်စားချေဖို့အတွက် ဘယ်အချိန် သွားမလဲဆိုတာကို မေးလို့ရမလား”

ရုတ်တရက် သတင်းထောက်တစ်ယောက်က လူတိုင်းသိချင်နေတဲ့ မေးခွန်းကို မေးလိုက်ပါတယ်။

သူတို့ရဲ့ဖုန်းတွေနဲ့ရုပ်မြင်သံကြားတွေကနေ ကြည့်နေကြတဲ့ နေရာတိုင်းက လူအားလုံး သူတို့ရဲ့အသက်တွေကို အောင့်လိုက်ကြပြီး ယန်ချီ ဘယ်လိုဖြေမလဲဆိုတာကို မြင်ချင် ကြားချင်နေခဲ့ကြပါတယ်။

သူ့ဘေးက စုရွှင်းအာကလည်း သူ့ကို ကြည့်လိုက်ပါတယ်။ ခဏအတွင်း မြွေမိုးကြိုးသိုင်းသင်တန်းကျောင်း ရင်ပြင်နဲ့ လင်ဟိုင်အခြေစိုက်စခန်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားခဲ့ပါတယ်။

“မနက်ဖြန် ကျားနက်သိုင်းသင်တန်းကျောင်းက လင်တျန်းဇောင်နဲ့ တိုက်ခိုက်ဖို့ သွားမှာပါ”

ယန်ချီက ဖြေးညင်းစွာ ဖြေကြားလိုက်တယ်။

“ဟူး. . .. ”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now