အပိုင်း ၈၇

Start from the beginning
                                    

အဲ့ဒီကိစ္စများလား။

"ခမည်းတော်"

သူ့အသံကို ထိန်းရင်းဖြင့် စန်းအိမ်ရှေ့စံက စန်းဘုရင်ထံ ခိုးကြောင်ခိုးဝှက်စကားဆိုလာသည်။

"ညီမတော်ရဲ့ ဒြပ်စင်က သစ်သားမဟုတ်လား။အဲ့ဒါကို ကျင့်ကြံနေရင်း သူ့မျက်နှာကြီးက ဘာလို့ရဲလာတာလဲ။ မဟုတ်မှ ကျင့်ကြံရေးမှာ အခက်များတွေ့နေလား"

"ဟင်း...."

စန်းချန်ယင်းက ချက်ချင်းပင် စိုးရိမ်တကြီးဖြစ်သွား၏။

"ဒါဆို ခမည်းတော်တို့ ဘာလုပ်ကြမတုန်း"

"နောက်မှ ကျွန်တော် ဖုန်းပြည်နယ်ဆီသွားပြီး ညီမတော် သုံးဖို့ သစ်သားစိတ်ဝိညာဥ်ပုံဆောင်ခဲကျောက်စိမ်းသလင်းကျောက်ကိုဖုန်းပိုင်လွမ်ဆီက တောင်းလိုက်မယ်"

"ကောင်းပြီ"

စန်းချန်ယင်းက လက်ခုပ်တီးလိုက်ရင်း

"သူမပေးချင်ဘူးဆိုရင် ခမည်းတော်တို့ သူ့ဆီက ဓါးပြတိုက်ကြတာပေါ့။ သားတော်ကို စစ်ကူပို့ပေးဖို့ ခမည်းတော်က ဂိတ်အပြင်ဘက်မှာ သံချပ်ကာတပ်တွေကို နေရာချထားလိုက်မယ်"

စန်းယွမ်ယွမ်က အမြန်အဆန် မျက်လုံးဖွင့်ရင်း အားမရှိစွာ သက်ပြင်းချလိုက်၏။

"ခမည်းတော်။ အစ်ကိုတော်"

ဘယ်လို တောပုန်းဓါးပြသားရဲတွင်းထဲ သူမဝင်မိပါလိမ့်နော်။

......


သန်းခေါင်ယံကို ကျော်လွန်သွားပြီးနောက်မှတော့ သူတို့ကိုစောင့်နေကြသည့်အစေခံများက စန်းသားအဖသုံးယောက်ကို ရေချိုးဖို့ရာအတွက် ရိုသေလေးစားစွာ ဦးဆောင်ခေါ်သွားပြီး လေးပင်ကာ တန်ဖိုးကြီးသည့်အမွှေးနံ့သာတွေ လိမ်းကျံပေးကာ ထို့နောက်မှာတော့ ကျောက်စိမ်းတံတားကနေ တစ်ဦးချင်းစီဖြတ်လျက် ဧကရာဇ်၏ နန်းတော်ရှိရာဆီ ဦးတည်လာခဲ့ကြလေသည်။

ဤအချိန်၌ တောက်ပသော ကြယ်တာရာအနည်းစုမှာ မိုးကုပ်စက်ဝိုင်းပေါ်တွင် တွဲလဲခိုနေဆဲ။

ရင်ပြင်မှာတော့ အနီရောင်အဝတ်စနှင့် ရစ်ပတ်ထားသည့် တော်ဝင်အခမ်းအနားစည်တော်တစ်ခုရှိပြီး ရွှေရောင်အဝတ်အစား ဝတ်ဆင်ထားသည့်စစ်သည်တော်တစ်ဦးက ထုရိုက်လျက်ရှိသည်။စည်တော်၏ အသံနှင့်အတူ တော်ဝင်စန်းမိသားစုသုံးယောက်က ပင်မနန်းဆောင်ကြီးထဲ လှမ်းဝင်လာလိုက်ကြသည်။

ယွင်နိုင်ငံတော်၏ အခြေအနေက ကျိုးမင်းဆက်ခေတ်က ဆွေကြီးမျိုးကြီးအထက်တန်းစားတွေကို ပြည်နယ်နှင့် ဂုဏ်ပုဒ်များပေးတာမျိုးနှင့်တူသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now