မြို့အုပ်မင်းမှပြန်ချစ်ပါpart...22

Start from the beginning
                                    

မိုးလင်းတော့...................
ရိပေါ်မနက်စာစားသောက်ပြီးတော့ မိတ်ဆုံစားပွဲတစ်ခုကိုသွားခဲ့တယ်ထိုကအပြန်တွင်ဆွဲကြိုးလေးကိုဝင်ကိုယူခဲ့တယ်
"သခင်လေးဘာများအလိုရှိလို့လဲ"
"ဆွဲကြိုးအပ်ထားတာ"
"ဒီလလေးလားဗျ"
"အင်း "
"ခဏစောင့်နော်သခင်လေး"
"ဟု"
*ဟူးးပူလိုက်တာ*
တိုးတိုးလေးနှုတ်ကရေရွတ်ရင်း အကျီ ်ထဲကလက်ကိုင်ပုဝါကိုထုတ်ကာ သုတ်လိုက်တယ်။
"သခင်လေးဒီမှာပါ"
"ဘယ်လောက်လဲဗျ"
"#$@&"
"ဒီမှာပါ"
ပိုက်ဆံပေးပြီးရိပေါ်ထွတ်သွားလိုက်တယ်။ ကားကတော့ဈေးထဲဝင်မရတာကြောင့်ဈေးထိပ်မှာပဲရပ်ထားခဲ့တယ်။
ရိပေါ်ထွတ်သွားပြီးသိပ်မကြာဘူးရှောင်ကျန့်ရောက်လာပြီး
"ဦးလေး"
"အာ မနေ့ကသခင်လေး"
"ဆွဲကြိုးလေးရော"
"ခုဏလေးတင်ပြန်လာယူသွားတာ"
"သူဘယ်ဘက်ထွတ်သွားလဲသိလား"
"ဒီဘက်"
"ဘာရောင်ဝတ်ထားတာလဲ"
"အနောက်တိုင်းဝတ်ဆုံအမဲရောင်ဝတ်ထားတာပါသခင်လေး"
"ဟုကျေးဇူးပါ"
ရှောင်ကျန့် ဘယ်သူမှန်းမသိဘဲအနောက်ကနေပြေးလိုက်သွားမိတယ်ထိုလူနောက်အားအနောက်တိုင်းဝတ်ဆုံအမဲနဲ့လူတွေများကြီးရှိတာသိပေမယ့်သူတစ်ယောက်ပြီးတစ်ယောက်မေးတယ်။
"အကို"
"ဟုကဲ့"
"ဆွဲကြိုးလေ လခြမ်းပုံဆွဲကြိုးလေးတွေ့မိလား"
"ဟင့်အင်း"
ရှောင်ကျန့်အနောက်တိုင်းဝတ်ဆုံအမဲဝတ်သူတိုင်းကို လိုက်မေးနေခဲ့ခြင်းသာ။
ရိပေါ် ရှောင်ကျန့်ပေးထားတဲ့ ပုဝါလေးကျန်ခဲ့လို့  အထည်‌ေိုင်ကိုပြန်လာယူတော့
"သခင်လေး "
"ခုဏက ပုဝါကျန်ခဲ့လို့"
"အာ ဒါလေးထင်တယ်"
"ဟုတယ်"
"ဒါနဲ့သခင်လေး"
"ဟု"
"သခင်လေးတစ်ယောက်ကအကိုလေး ရဲ့ဆွဲကြိုးကိုလိုချင်လို့အကိုလေးကိုလိုက်ရှာနေတယ်ဗျ"
"ဘယ်သူလဲဗျ"
"အဲ့ဒါတော့မသိဘူး။ ဒါပေမယ့် အရပ်ရှည်ရှည်အသားကဖြူဖြူ တကယ်လှတယ်ဗျ ယောက်ကျားလေးဆိုပေမယ့်သူ့အတွက်လှတယ်လို့သုံးနှုန်းသင့်တယ်"
"သူဘယ်ဘက်ထွတ်သွားလဲ"
"ဒီဘက်"
ထိုဦးလေးက လက်ညှိးထိုးပြလိုက်တော့
"ကျွန်တော့်ကိုခွင့်ပြုပါအုံး"
ထိုသို့နှုတ်ဆက်ပြီး  ဦးလေးညွှန်ပြရာလမ်းကို တရိဇန်ထိုးပြေးထွတ်လာခဲ့တယ်။
*မောင့်ကတော်လား။ မောင့်ကတော်ဒီနားမှာရှိနေသေးတယ်။ မောင်ကတော်မောင့်ကိုစောင့်ပါအုံး*
ထိုသို့စိတ်ထဲမှအကြိမ်ကြိမ်ရေရွတ်ရင်းလိုက်ရှာခဲ့တယ်။
ဈေးထဲက လမ်းချိုးတခု၏ထောင့်နားတွင် ငာတ်တုပ်ထိုင်ချကာ ငိုနေတဲ့သူတစ်ယောက်ရဲ့အတွေးထဲတွင်
*မောင်ကထားသွားတယ်။မောင့် ကိုစားလေးကရောထပ်ထားသွားတယ်။ အဆင်ပြေမနေတော့ဘူး။မောင်ရယ်လာခေါ်ပါတော့ကျန့်ပင်ပန်းလှပြီ*
လူတွေကြားထဲတိုးဝှေ့ရင်း တစ်ဦးတည်းသောချစ်ရသူကိုလိုက်ရှာနေတဲ့ကောင်လေးတစ်ယောက်က နောက်ဆုံးတွင် တစ်ခုသော လမ်းကြားအရောက် လူရှင်းနေတဲ့ ထောင့်တစ်နေရာမှာထိုင်နေတဲ့ကောင်လေးတစ်ယောက်ကို တွေ့သွားတယ်။
ထိုကောင်လေးနားကိုလျှောက်သွားပြီး ထိုလူသားရှေ့ဒူးတစ်ဖက်ကိုထောက်ချကာနှုတ်မှတိုးညှင်းစွာနွေးထွေးသောအသံဖြင့်
"မောင့်ကတော်"
ထိုခေါ်သံကြောင့်ရှောင်ကျန့်ခေါင်းထောင်ကြည့်လိုက်တော့
မြို့အုပ်မင်းဝမ်ပင်
"မောင်"
"တကယ်မောင်လား"
"မောင်လေ မောင့်ကတော်"
ရှောင်ကျန့်ထိုလူသား၏နွေးထွေးလှသော ရင်ခွင်ကျယ်ကြီးကိုလွမ်းနေခဲ့လေခြင်းကြောင့်အရှိန်ထိုး အင့်ခနဲမြည်အောင် ဖက်လိုက်ပြီး မျကနှာကို ရင်ခွင်ထဲတွင်ဖွက်ကာ
"မောင်...မောင့်ကိုစောင့်နေတာ"
အသဲကွဲမပီပြင်လှသောစကားလုံးများဖြင့်ရှိာက်ငိုကာ ကလေးများအမေကိုတိုင်နေသလိုပင်။
"မောင်....အိမ်မက်ဆိုလဲမထတော့ဘူး"
"မောင့်ကတော် အိမ်မက်မဟုဘူး။တကယ်မောင်"
ရိပေါ်လဲရင်ခွင်ထဲကလူသားအားတင်းကျပ်စွာဖက်ထားရင်း
"မငိုနဲ့တော့...မောင့်ကတော်"
"မောင်မရှိတဲ့အချိန်တွေကသိပ်ပင်ပန်းတယ်မောင်"
"မောင်သိတယ် မောင့်ကတော်လေးဘယ်လောက်ပင်ပန်းလိုက်မလဲ"
ထိုနေရာက မထပဲစကားတွေတရဆက်ပြောနေတဲ့လူသားနှစ်ယောက်ဟာ နောက်ထပ်ပျောက်ကွယ်သွားမှာစိုးမည့်အလား တင်းကျပ်စွာရစ်တွယ်ထားကြတယ်။
"""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""'

မြို့အုပ်မင်းမှပြန်ချစ်ပါ(Complate)Where stories live. Discover now