" အကို ရပါပြီရှင့် ဒါလေးက မောင်လေးအတွက်လက်ဆောင်ထည့်ပေးလိုက်တာပါ "

ထိုးမုန့်ဘူးတွေကိုလာပေးတဲ့ဝန်ထမ်းမလေးကိုသက်ပိုင်ကိုကြည့်ကာပြောလာသည်။လမုန့်နှင့်လက်ဖက်တွေကိုလည်းသက်ပိုင်အတွက်ဆိုပြီးလက်ဆောင်ထည့်ပေးလိုက်ပါသေးသည်။

" ကျေးဇူးအများကြီးတင်ပါတယ်မမ "

အချွဲလေးသက်ပိုင်ကအသည်းယားနေသောသူကိုပို၍ပင်ချစ်အောင်လုပ်နေသလိုပဲ။သွားလေးတွေဖြီးနေအောင်ရယ်ပြလိုက်ကာပြောသည်။တစ်ဆိုင်လုံးကလူတွေကသက်ပိုင်လိုပုပုသေးသေးလေးကိုအသည်းယားလို့မဆုံး။
ကလေးအချစ်ခံရသည်ကိုမင်းရောင်ထင်ကျေနပ်သော်လည်း။နည်းနည်းတော့အောင့်သက်သက်ခံစားရသည်။မျက်နှာမြင်ချစ်ခင်ပါစေဆိုသောဆုနှင့်ပြည့်စုံလာသောကလေးသည်သူ့ထပ်သာသောသူကိုတွေ့သွားမှာတော့သူကြောက်မိသည်။

လက်ဆောင်တွေထည့်ပေးနေသည်ကိုပင်မနည်းတားကာကလေးလက်ကိုဆွဲကာဆိုင်ထဲမှအမြန်ထွက်လာလိုက်သည်။မထွက်လို့လဲမရဆိုင်ရှင်ကိုယ်တိုင်ကပါကလေးကိုအတင်းတွေဖက်လိုက်နမ်းလိုက်လုပ်နေတာ။ကြာရင်မင်းရောင်ထင်စိတ်နဲ့တကယ်မလွယ်။

အနောက်ကနေမလိုက်ချင်လိုက်ချင်အူတူတူနှင့်ပါလာသောကလေးကိုလည်းတင်ပါးကနေခပ်ဆတ်ဆတ်လေးရိုက်ပစ်လိုက်ချင်ပါသေးသည်။ပါလာတဲ့အဖွဲ့တွေကအကုန်ကားဆီပြန်ရောက်နေကာသူတို့ကိုစောင့်နေပြီ။ကလေးပေါက်ကတော့မလိုက်ချင်သေး။မလိုက်ချင်သေးရင်နေချင်သလောက်နေသာဆိုလျှင်ထိုဆိုင်၌ပင်အိပ်မှာသေချာသည်။မုန့်နှင့်ပတ်သက်လာရင်ဘာမှမကြောက်တတ်။ဝန်ထမ်းများကလည်းကလေးကိုသူတို့နှင့်နေခဲ့မလားဟူ၍မေးကြသေး။

ကားထဲအတင်းဆွဲခေါ်လာတော့သူ့ကိုမကျေနပ်သလိုအကြည့်နှင့်နဂါးမျက်စောင်းထိုးသောကလေးကြောင့်သူ့မှပြာကျမတတ်။ဒီတစ်ညတော့Hotelမှာအိပ်ရအုံးမည်။ကလေးနှင့်ဘယ်လိုနှစ်ပါးသွားရမလဲတော့သူမသိ။

လမ်းဝက်လောက်ရောက်တော့ဘေးနားကဟောက်သံကြောင့်ကြည့်မိတော့ကိုယ်တော်လေးကဗိုက်ပြည့်ပြီးဟောက်နေတာပင်။ပါးစပ်ကြီးဟပြီးဟောက်နေတာများယင်ဝင်နားတောင်သိမည့်ပုံမပေါ်။Airconကအေးနေတာကြောင့်ပါလာသည့်အနွေးထည်လေးကိုခြုံပေးလိုက်သည်။တစ်ဖက်ကိုယိုင်ကျနေသောခေါင်းလေးကိုသူ့အပေါ်၌မှီစေလိုက်သည်။

My Husband is U Min Yaung [ Completed ]Where stories live. Discover now