'' Hello
အေးအေးငါအခုဘဲ လာခဲ့မယ် အွန်းဟာရေ ''

'' ခင်ဗျားခူးနှင့်တော့နော်
ကျွန်တော်အရေးကြီးကိစ္စပေါ်လာလို့ ''

ဖုန်းပြောပြီးသူ့အားပစ်ကာသွားခဲ့တဲ့ ဂျောင်ကုက သူ့ကောင်မလေးကို တော်တော် ဂရုစိုက်ပုံပေါ်သည် အွန်းဟာတဲ့လား ပထမဆုံး မိန်းကလေးတစ်ယောက်ကို
ငါစရှုံးဖူးတဲ့ အချိန်တွေပေါ့ မင်းပျော်နေရင် ဒါတွေက
မဖြစ်စလောက်အရှုံးလေးတွေပါ ။

ထယ်ယောင်းအသီးလည်းဆက်မခူးချင်တော့တာနဲ့ အိမ်ပြန်ရန်ပြင်တော့ ခြံထိပ်မှာလာရပ်တဲ့ ဟာဂျွန်းရဲ့ကားကို
မြင်ပြီး သူပျော်သွားတာအမှန်ပင် ဒီလို စိတ်ညစ်နေတဲ့အချိန်လေးက ဝိုင်ချိုချိုလေးနဲ့ ဖြတ်သန်းရင်လူံးဝအဓိပ္ပါယ်ပြည့်ဝတဲ့
အချိန်မဟုတ်ပါလား ။

ထယ်ယောင်းတို့ခြံဝန်းထဲ၌ ဝိုင်သောက်နေသော ဟာဂျွန်းနဲ့
ထယ်ယောင်းကို ခြံပြင်ကကုတ်ကုတ်ကုတ်ကုတ်နဲ့ ချောင်းနေတဲ့ အရိပ်ကလေးက စိတ်တိုနေပုံရသည် ။
အစ်ကိုကြီးဖြစ်သွားမည့်မျက်နှာလေးကိုသိချင်လို့ ဟာအွန်း
နာမည်သုံးကာထွက်လာခဲ့တာ ထင်တဲ့အတိုင်း မျက်နှာပျက်နေပေမယ့် အခုတော့ အပြောင်းအလဲ မြန်လိုက်ပုံကဘာတွေအဲ့လောက်တောင်သဘောကျပြီး ရယ်မောနေလဲမသိအစ်ကိုကြီးခင်ဗျားဟာလေ ကျွန်တော့်ကိုစိတ်ဆိုးအောင် သိပ်လုပ်တတ်တယ် ။

မကြာခင်အချိန်အတွင်း တော့ဂျောင်ကုဟာထယ်ယောင်းဘေးနာ
းအော်တိုရောက်သွားပြီး လဲကျမတတ်မူးနေတဲ့ ထယ်ယောင်းကို သူ့ပခုံးပေါ်လွဲ တင်လိုက်သည် ။
ဒီလူပခုံးတစ်ခုလုံးအားနေတာကို သူများပခုံးပေါ်လှဲအိပ်ခိုင်း
ရအောင် သူရူးနေတာမှ မဟုတ် တာ ။

'' မင်းက ဟိုဘက်အိမ်ကကလေးလား ''

'' မူးနေတဲ့သူတွေနဲ့ စကားမပြောဘူး ကျစ် ဘယ်လောက်တောင်မွှန်နေအောင်သောက်ထားတာလဲ ''

'' အင်း....ဟာဂျွန်း မင်း...က.. ဂျောင်တုဘယ်လိုဖြစ်သွားတာလဲ ရုပ်ဆင်တယ်နော် ''

မူးနေပြီးစကားမပီတဲ့ အစ်ကိုကြီးက ပြောချင်ရာပြောနေသဖြင့်
အခန်းထဲလိုက်ပို့ရန်ပြင်လိုက်သည် ဟိုလူကတော့ပြန်ချင်သလိုပြန်ပါစေ သူနဲ့မှမဆိုင်တာ အခုတော့ အမူးသမားလေးက ထိန်းရခက်နေသည်မို့ ကုတင်ပေါ်အမြန်ချပေးကာ အိမ်ပြန်ရန်ပြင်လိုက်ပေမယ့်
သူ့အားဖက်ထားသည့် အစ်ကိုကြီးကြောင့် အသာလေး
ပြန်ဖက်ပေးကာ ကျောလေးပုတ်ပေးလိုက်သည်
အမူးသမားလေးကတော့သူ့အားတင်းကြပ်နေအောင်ဖက်ထားကာလွမ်းတယ်ဆိုတဲ့စကားကိုသာအကြိမ်ကြိမ်ရေရွေတ်နေပြန်သည် ။

Stranger but Warmth { ongoing. }Where stories live. Discover now