ES(2)Happy❣️

Zacznij od początku
                                    

သူပြန်မဖြေမိ စိတ်လှုပ်ရှာမှုကနေ သူနှလုံးခုန်သံတွေမြန်နေမိသည်

မဟုတ်မှလွဲ ဒါကသူ့ကိုချိန်းတွေ့ဖို့ကမ်းလှမ်းလာတာလား

"Kyungsoo....Kyungsoo×2"

"အားဟုတ် ဟုတ်ကဲ့"

"လိုက်ခဲ့မယ်မလား.."

"ဟုတ်"

"မင်း ဖုန်းနံပါတ်လေး အစ်ကို့ကိုပေးထား"

"ဟုတ်"

သူဘာတွေဖြစ်နေလဲသူမသိ သူပြောနိုင်တာကဟုတ်တစ်လုံးတည်းသာ သူအခူအခြေအနေကို အိမ်မက်လို့သာထင်နေတာကြောင့်ပင်

စီနီယာကဖုန်းနံပါတ်ကိစ္စကိုသူ့ဘာသာပဲလုပ်သွားသည်

Contactsထဲကစီနီယာဖုန်းနံပါတ်ကို သူကြည့်နေရင်း ပြုံးနေမိသည်

"ဘာတွေပြုံးနေတာလဲ Kyungsoo"

စီနီယာကအခန်းနားထိပြန်လိုက်ပို့သွားပြီး စီနီယာပြန်သွားကတည်းက သူပြုံးနေခဲ့တာ

"ငါအခုထိ မယုံသေးလို့ပါ စီနီယာဖုန်းနံပါတ်က ငါ့ဖုန်းထဲရှိနေလိမ့််မယ်ဆိုတာ"

"အေးပါ သာယာနေ အားကျတယ်သိလား"

"ဘာလို့လဲ"

"မင်းမှာကျ ချစ်ရမဲ့လူရှိပြီး ငါ့မှာမရှိလို့လေ"

"Kaiကိုချစ်ကြည့်ပါလား"

"သေလေ သူ့လိုအားနေ တိုင်နေတဲ့လူမျိုးကိုမကြိုက်ဖူး"

"ငါလည်းမင်းကိုမကြိုက်ပါဖူး အရူးကောင်"

ဘယ်ကနေပေါ်လာမှန်းမသိပေါ်လာပြီးလာငြင်းခုန်နေတဲ့သူတို့နှစ်ယောက်ကိုကြည့်ရင်းရယ်သာရယ်နေလိုက်တော့သည်

"မင်းတို့ကလည်း ခွေးနဲ့ကြောင်လိုပဲ"

"ငါကကြောင်"

"Yarr Baekhyun မင်းကကြောင်ဆိုတော့ငါ့ကိုခွေးလို့ပြောလိုက်တာလား"

"တော်ကြပါတော့ မင်းတို့ကလည်း ဆရာမလာတော့မှာ အတန်းခေါင်းဆောင်မင်းလည်းမင်းနေရာသွားတော့"

"ဟွန့်"

မသွားခင်ကို ဟွန့်ကလုပ်သွားသေးတယ်တကယ့်မလွယ်ကောင်တွေ

~

ကျောင်းဆင်းတော့ သူတစ်ယောက်တည်းKaiရှိမဲ့ အပေါက်နားတော့လမ်းလျှောက်နေရင်းစီနီယာကသူနဲ့မလှမ်းမကမ်းနားမှာရပ်နေသည်

"စီနီယာ"

"Kyungsooကို အစ်ကိုစောင့်နေတာ"

"ဘာပြောစရာရှိသေးလိူ့လဲ စီနီယာ"

"ကိုယ်မင်းအိမ်ကိုသိချင်လို့ လိုက်ပို့ပေးမယ်"

"ဗျာ!!"

Kaiနဲ့တူတူပြန်နေကျမို့ Kaiကသူ့ကိုကျောင်းထွက်ပေါက်မှာစောင့်နေသည်

"ကျွန်တော်"

"လိုက်ပို့ပေးလို့ရတယ်မလား ပိတ်ရက်ကျ ကိုယ်လာကြိုလို့ရအောင်လို့လေ"

"ဟုတ်ဟုတ်"

Kaiက ကျွန်တော်နဲ့စီနီယာတူတူလာတာကိုမြင်တော့

"ငါတစ်ယောက်တည်းပြန်ရမယ်ဆိုပါတော့"

"အွန်း "

အလိုက်သိလွန်းတဲ့သူငယ်ချင်းလေးက တစ်ယောက်တည်းပြန်နှင့်သွားသည်

"ဦးလေးကျွန်တော်နောက်က လိုက်ခဲ့လိုက်နော်"

လာကြိုတဲ့ကားကိုစီနီယာကမှာရင်းကျွန်တော်စက်ဘီးရှေ့ကနေရာယူလိုက်သည်

"အစ်ကိုစီးမယ် Kyungsooကအနောက်ကလိုက်"

"စီနီယာက အရှေ့ကစီးတော့ကျွန်တော်အိမ်သိလို့လား"

"အနောက်ကနေ လမ်းညွှန်ပေးပေါ့"

ဒီနေ့တစ်ရက်တာကတော့ Kaungsooအတွက်အိမ်မက်မက်နေသလို

စက်ဘီးနောက်ကနေထိုင်စီးနေရင်း စီနီယာရဲ့ကျောပြင်လေးကိုသူငေးနေမိသည်

"Kyungsoo ဘယ်လမ်းသွားရမလဲလို့"

"စီနီယာက စက်ဘီးလည်းစိီးတတ်တာပဲနော် ကားနဲ့အကြိုအပို့ သူဋေးလေးဖြစ်နေတာတောင်"

"အစ်ကိုက ပြည့်စုံနေချင်လို့လေ"

"စီနီယာကပြည့်စုံတာထက်ပိုနေပါပြီ"

စကားပြောကောင်းနေတုန်း အရှေ့ကခွေးကြောင့်စီနီယာကဘရိတ်ညစ်လိုက်တာကြောင့်

Kyungsoo ကChanyeolကိုဖက်လိုက်မိသည် Chanyeolကျောနဲ့Kaungsooဟာတစ်သားတည်း

ရေမွှေးနံ့​သင်းသင်းလေးက Kyungsooကို ပိုပိုပြီးရင်ခုန်သံကိုမြန်စေသည် သူဖက်ထားတဲ့လက်တွေကိုမလွှတ်သေးပေ

"Kyungsoo အဆင်ပြေရဲ့လား တစ်ခုခုဖြစ်သွားသေးလား"

"စီနီယာ"

"အွန်း"

" ကျွန်တော်အိမ်ရောက်တဲ့အထိ စီနီယာကိုဖက်ထားလို့ရလား"

~~~~~~~T.B.C~~~~~

Endless Summer🌞(Completed)Opowieści tętniące życiem. Odkryj je teraz