အပိုင်း(၁)

16 0 0
                                        

သက္ကရာဇ် ၃၀၀၀ကျော် တွင် X နိုင်ငံရဲ့ အိမ်ရှေ့မင်းသားက သမိုင်းဝင်မှတ်ကျောက်တင်နိုင်သော ကြိုးပမ်းချက်တစ်ရပ်ကိုပြုလုပ်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများကို တစ်စုတစ်စည်းတည်းသိမ်းယူကာ ကြီးမြတ်လှသော အင်ပါယာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ကာ သူ၏ အစွမ်းအစကို ပြသခဲ့သည်။ ထိုသူသည် အင်ပါယာနိုင်ငံတော်ကြီး၏ အရှင်သခင်အဖြစ် နှစ်ပေါင်း50ကျော် အုပ်စိုးခဲ့သည်။ ထိုအရှင်သခင် နတ်ရွာစံပြီးသည်အထိ လူအများ ဒွိဟဖြစ်စေခဲ့သော Xနိုင်ငံရဲ့ အနီးဆုံးအိမ်နီးချင်းနိုင်ငံဖြစ်သည့်Y city ကိုတော့ အဆုံးထိမသိမ်းယူခဲ့ခြင်းမှာ မဖြေရှင်းနိုင်သေးသောအရာတစ်ခုဖြစ်နေ ဆဲပင်။ ပို၍ အံ့ဩစရာကောင်းသည်မှာ အင်ပါယာအရှင်သခင်၏ နတ်ရွာမစံခင် ထုတ်ပြန်ခဲ့သော စာလွှာဖြစ်သည်။

"Y City ကို တိုက်ခိုက်သူသည် အင်ပါယာနိုင်ငံတော်ကြီးကို တိုက်ခိုက်သည်နှင့်အတူတူဖြစ်သည်။ဒါကြောင့် Y city ၏ ရန်သူသည် အင်ပါယာ၏ ရန်သူဖြစ်သည်။ဤထုတ်ပြန်စာသည် အင်ပါယာနိုင်ငံတော်ကြီးတည်ရှိသ၍ အကျုံးဝင်သည်။"

Y city သည် သေးငယ်သောနိုင်ငံဖြစ်သည်။ ပုံမှန်မြို့တော်အရွယ်စားသာ ရှိ၍ မြို့တော်ဟုလည်း ခေါ်ဆိုတတ်ကြသည်။ စိမ်းပြာရောင်ပင်လယ်နှင့် စိမ်းလန်းသောတောတောင်များက ဝန်းရံထားသော Y city သည် အေးချမ်းလှသည်။တခါတရံ တစ်ချို့နိုင်ငံများက သူတို့၏လက်အောက်ခံနိုင်ငံအဖြစ်ထားလို၍ ရန်စသည်များလည်းရှိတတ်သည်။

သို့သော် ထိုအမိန့်စာလွှာ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် နိုင်ငံအားလုံးက Y City အပေါ်ဆက်ဆံရာတွင် သတိထားလာကြသည်။ အမှတ်မထင် အမှားကျူးလွန်ကာ ဆက်ဆံမိရာမှ ကိုယ့်နိုင်ငံကို ဒုက္ခရောက်မည့်အဖြစ်ကို မည်သူမျှမလိုချင်ကြချေ။ထို့ကြောင့် Y city သည် အင်ပါယာနိုင်ငံတော်ကြီး၏ ကာကွယ်ပေးမှုဖြင့် အေးချမ်းသာယာသော တသီးတခြားနိုင်ငံအဖြစ်သို့ရောက်ရှိလာခဲ့သည်။

အင်ပါယာအရှင်သခင်၏ မြစ်တော်လက်ထက်တွင်မူ အင်ပါယာနိုင်ငံတော်ကြီးသည်ပို၍ အင်အားကြီးလာကာ အရှိန်အဟုန်ဖြင့်တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။တစ်ချို့ လက်အောက်ခံနိုင်ငံများကို တသီးတခြားနိုင်ငံအဖြစ် ရပ်တည်ခွင့်ပေးလိုက်သည်။နှစ်ပေါင်း ၂၀၀ကြာပြီးနောက် အင်ပါယာနိုင်ငံတော်သည် ခေတ်မီ တိုးတက်လာသော်လည်း တည်ထောင်သူ အင်ပါယာအရှင်သခင်၏ မျိုးဆက်သည် ဆက်လက်အုပ်ချုပ်နေဆဲဖြစ်သည်။ ပြည်သူတို့၏ သူတို့ အရှင်သခင်အပေါ် ယုံကြည်ကိုးစားမှုကလည်း တည့်တံ့နေမြဲပင်။ အင်ပါယာနန်းတော်ကို ယခင်ကsky city ဟုခေါ်သော မြို့တော်တွင် ပြောင်းရွေ့ကာ အင်ပါယာမြို့တော်ဟုခေါ်တွင်စေခဲ့သည်မှာ နှစ်ပေါင်း၂၀ကျော်ပင် ရှိခဲ့လေပြီ။ထို့ပြင် အင်ပါယာနန်းတော်ရှေ့တွင် နံမည်ကြီးသတင်းကွန်ယက်များက သတင်းထောက်များသည် ပေါ်တင်သော်လည်းကောင်း၊ တိတ်တဆိတ်သော်လည်းကောင်း ရောက်ရှိနေတတ်သည်မှာလည်း အလေ့အထပင်ဖြစ်နေသည်။

The beginning of secret loveStories to obsess over. Discover now