မူလနတ်ဆိုးစစ်သည်တစ်ယောက်ကို သတ်ခဲ့တုန်းက သူ ဓါးဆွဲထုတ်မှတ် ၃၀၀ ရခဲ့ပါတယ်။ အကြီးအကဲ နတ်ဆိုးစစ်သည်ကို သတ်လိုက်ရင် သူ ဓါးဆွဲထုတ်မှတ်ဘယ်လောက်ရမယ်ဆိုတာ မသိပါဘူး။

အကြီးအကဲ နတ်ဆိုးစစ်သည်နှစ်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ မူလနတ်ဆိုးစစ်သည်ဆယ်ယောက်ကျော် လိုက်ပါလာခဲ့ပါတယ်။

လီဟူ၊ ဝေချောင်နဲ့ ရာကျော်တဲ့ စစ်သည်တွေအားလုံး မျက်နှာပျက်သွားကြပါတယ်။

သူတို့ဘက်မှာ အလယ်အလတ်အဆင့် ခန္ဓာကိုယ်ပြုပြင်ခြင်းအဆင့် သိုင်းပညာရှင်နှစ်ယောက်သာ ရှိပြီး သူတို့တွေက အကြီးအကဲ နတ်ဆိုးစစ်သည်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ စစ်သည်ရာကျော်က သူတို့ရဲ့ လက်နက်တွေကို သူတို့အရှေ့ရောက်နေတဲ့ နတ်ဆိုးစစ်သည်ဆယ်ယောက်ကျော်ဆီကို ထိုးချိန်လိုက်ကြပါတယ်။

ဝေချောင်နဲ့ လီဟူတို့ကလည်း သူတို့လက်နက်တွေကို ထုတ်ယူလိုက်ကြပါသည်။ ဝေချောင်က ကြီးမားတဲ့ ဓါးတစ်ချောင်းကို အသုံးပြုပြီး လီဟူက ပုဆိန်ကို အသုံးပြုပါတယ်။

“လူသားတွေ မင်းတို့တွေ အရှုံးပေးလိုက်ပါ”

အကြီးအကဲ နတ်ဆိုးစစ်သည်က လှောင်ပြောင်လိုက်ပါတယ်။

အကြီးအကဲ နတ်ဆိုးစစ်သည်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အလွန်တရာကို သန်မာပါတယ်။ သူတို့နှစ်ယောက်ဆိုရင်တော့ ငါးပါးမှောက်ပြီပေါ့။ ဒါ့အပြင် မူလနတ်ဆိုးစစ်သည် ဆယ်ယောက်ကျော်ကလည်း ဒီနေရာမှာ ရှိသေးတယ်လေ။ လူသားတွေအနေနဲ့ အသက်စွန့်ပြီး တိုက်ခိုက်ရင်တောင်မှာ နောက်ဆုံးမှာ သူတို့ ရှုံးမှာ သေချာနေပါတယ်။

“မင်းတို့ ရူးမိုက်တဲ့ လူသားတွေ။ မင်းတို့တွေက အသက်စွန့်ပြီး တိုက်ခိုက်ချင်တာလား။ ဒီလို ဆိုရင်တော့ မင်းတို့ကို သတ်ပြစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး”

အကြီးအကဲ နတ်ဆိုးစစ်သည်တွေက အခြားအကြီးအကဲ နတ်ဆိုးစစ်သည်ကို ပြောသလိုနဲ့ လှောင်လိုက်ပြန်ပါတယ်။

လီဟူနဲ့ ဝေချောင်တို့ရဲ့ အမူအယာက အတော်ကို ပျက်ယွင်းသွားခဲ့ပါတယ်။ သူတို့တွေအနေနဲ့ အသက်စွန့်ပြီးတိုက်ခိုက်ဖို့သာ ရှိပါတော့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now