Inspired by ATEEZ's song INCEPTION
(........) = song's English lyrics
(I'm in love, Eye meets in that short instant, The moment all the senses stop, Little tremors spread inside me, For the first time I am swallowed by the feeling, That I became who I am)
ငါ လမ်းမရဲ့ဘေးဘက်မှာ လမ်းလျှောက်နေခဲ့တယ်။ အဲ့ဒီလမ်းက ဘယ်ကိုသွားမယ်ဆိုတာ ငါမသိပေမယ့် မင်းကို တိုက်မိသွားခဲ့တယ်။ ငါ့ထင်တော့ မင်းရဲ့သူငယ်ချင်းတွေနဲ့ မင်းရှိနေပုံပါပဲ။ အဲ့ဒီတစ်ခဏမှာ ငါ့ကို စိုက်ကြည့်နေတဲ့ အကြည့်တွေထဲမှာ မီးတောက်လေးတစ်ခုရှိနေခဲ့တယ်။
မင်းဟာ အကြောင်းရာတစ်ခုခုကြောင့် ပျော်ရွှင်နေခဲ့ပြီး သူတို့နဲ့ စကားစမြည်ပြောနေခဲ့တာလို့တော့ ငါထင်တယ်။ မင်းရဲ့သူငယ်ချင်းတွေက ငါ့ကို လျစ်လျူရှုဖို့ ပြောပေမယ့် မင်းကငါ့ကို တောင်းပန်ပြီး မင်းငါ့ကို လဲကျနေတာကိုထူပေးခဲ့တယ်။ အဲ့ဒီလက်တွေရဲ့အထိအတွေ့ မှတ်မိနေသေးပေမယ့် အခုတော့ မခံစားနိုင်တော့ဘူး။ အဲ့ဒီအချိန်တုန်းက မြင်မြင်ချင်း ချစ်မိသွားခဲ့တယ် ဆိုတာကို ငါမသိခဲ့ပေမယ့် အခုတော့ မြင်မြင်ချင်း ချစ်မိသွားခဲ့တယ်လို့ သေချာပေါက် ပြောနိုင်ပါတယ်။ အဲ့ဒီနေ့လေး က ငါကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တွန်းလှန်ဖို့ ခွန်အားတွေ ပေးခဲ့တယ်ထင်ပါရဲ့။
(I feel like dreaming a dream, I've never seen even in dreams It's too vivid, To conclude it as just a dream I draw and draw, It's clear to the ends of the shadow line, I long only for the day I see you again)
ငါ မင်းကို နောက်တစ်ကြိမ်ထပ်တွေ့တယ်။ ငါတို့ကျောင်းအတူတူတက်နေတယ်ဆိုတာ ငါမသိခဲ့ဘူး။ ငါ မင်းကို သိခွင့်ရလို့ ဝမ်းသာမိတယ်။
"ဟိုင်း Jeon Jungkook ပါ တွေ့ရတာဝမ်းသာပါတယ်"
မင်းရဲ့အသံက နတ်ဘုရားတွေကောင်းချီးပေးထားသလိုပဲ။ ငါ့နှလုံးသားကို အရည်ပျော်စေခဲ့တယ်။
အချိန်တွေကြာလာတာနဲ့အမျှ ငါတို့နှစ်ယောက် အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့တယ်။ မင်းငါ့ကို ဘာပဲဖြစ်ဖြစ် အမြဲတမ်းဝေမျှပေးတယ်။ မင်းက ဂီတကို ဘယ်လောက်ကြိုက်တယ်ဆိုတဲ့အကြောင်း ငါ့ကိုပြောလေ့ရှိတယ်။ မင်းအမေက မင်းကို ဂစ်တာအသစ် ပေးလိုက်လို့ မင်း အဲဒီနေ့ အရမ်းပျော်တာပဲလို့ မင်းပြောဖူးတယ်။ မင်းနဲ့အတူရှိရတာ ငါအရမ်းပျော်တာပဲ။
YOU ARE READING
DESIRE : I CAN'T HAVE
Fanfictionငါ မင်းကို အမြဲတမ်း ချစ်နေခဲ့တယ်။ မင်းငါ့ဆီလာလိမ့်မယ်...ငါချစ်သလို မင်းလည်းငါ့ကိုချစ်လာမယ်လို့ ငါ အမြဲမျှော်လင့်နေခဲ့တယ်။ -Kim Taehyung TAEKOOK Translation. Original Author - Vkook__is_real I don't own this story at all.
