Tong Yao ရဲ့ မေးရိုး ပြုတ်ကျသွားတော့မလိုပဲ။  ကောင်မလေးတစ်ယောာက်က သူ့ကို အမှန်အတိုင်း ဝန်ခံခဲ့တာ။

ဒါက Jiang Jinyue တစ်ဦးတည်းသာမှာ ရှိနိုင်တဲ့ ဂုဏ်တစ်ခု မဟုတ်ပေဘူးလား။  စာရွက်ပေါ်မှာရှင်းရှင်းလင်းလင်း ရေးထားတဲ့ "Tong Yao" စာလုံးနှစ်လုံးကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီစာက မှာ စားပွဲခုံထဲကို မှားပြီးလာထည့်ထားတဲ့ Jiang Jingyue အတွက် စာတစ်စောင်လို့ပဲ သူထင်မိလိမ့်မယ်။

လက်မှတ်ထိုးထားသေးတယ်။ 'Red Dot Bean'(ပဲနီစေ့အမှတ်လေး) တဲ့။  ဒါက နာမည်ပြောင်ဆိုတာ သိသာတယ်။ ဒါပေမယ့် ဒီလိုမျိုး နာမည်ပြောင် ဘယ်သူမှာရှိလို့လဲ။  Tong Yao က ဒီလက်ရေးနဲ့လည်း မရင်းနှီးဘူး။

သူ့အတန်းဖော် ကောင်မလေးတွေအကြောင်းကို သူ စပြီး တွေးနေမိတယ်။ အင်္ဂလိပ်စာ အတန်းကိုယ်စားပြု 
Mu Yuhong လား။

ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူ(မ)က Jiang Jinyue ကို ကြိုက်တယ်ဆိုတာ တစ်တန်းလုံးသိတယ်။

Li Hongmiao များဖြစ်နိုင်လား?

မဟုတ်ဘူး! အဲဒါက ပိုတောင် မဖြစ်နိုင်ဘူး။  သူ(မ)အားကစားကော်မတီကိုယ်စားလှယ်ရဲ့ချစ်သူတောင်ဖြစ်နေပြီ။

ဓာတုဗေဒဆရာက စာသင်ခန်းထဲကို အေးအေးဆေးဆေး ဝင်လာတာကို မြင်လိုက်တယ်။ Tong Yao သိချင်မိတယ်။ ဓာတုဗေဒဆရာ Chen Hongjuan ဖြစ်နေမလား?

ချက်ချင်းပဲ တုန်လှုပ်သွားတယ်။  ပြင်းပြင်းထန်ထန်ဖျားနာတဲ့အချိန်မှာ ရှာတွေ့လိုက်တဲ့ တစ်ဦးတည်းသောဆရာဝန်တစ်ယောက်အဖြစ်ဆီ တကယ်ကြီး ပြောင်းလဲတော့မလိုပဲ!  ညီမလေး Juan မှာ ကလေးနှစ်တောင်ယောက်ရှိနေပြီဟာကို!

ဒါပေမယ့် အဲဒါကို တွေးကြည့်ရင် ဘယ်သူလဲဆိုတာတော့ အရေးမကြီးပါဘူး။  ဘယ်သူဖြစ်ပါစေ Tong Yao က အဲ့ဒီလူကို ပြန်လည်တုံ့ပြန်ပေးနိုင်မှာ မဟုတ်ဘူး။

Jiang Jinyue ကိုမဟုတ်တဲ့ တခြားလူတွေကို သဘောကျမိတဲ့ ကမ္ဘာတစ်ခုကို သူ စိတ်ကူးမယဉ်နိုင်ခဲ့ဘူး။  Tong Yao က Jiang Jinyue ကို သုံးနှစ်ပတ်လုံးတောင် ချစ်မိနေခဲ့ပြီးပြီ။

Jiang Jinyue ကို ပထမဆုံးမြင်တွေ့လိုက်ရချိန်ကနေစပြီးအခုအချိန်အထိ သူ့ခံစားချက်တွေက တစ်စက္ကန့်မျှ ပျောက်ကွယ်သွားခြင်းမရှိသေးပေ။

ကျောင်းမင်းသားလေးနဲ့ကာပယ်ဝတ်စုံတွေကိုမတော်တဆဝတ်မိခဲ့တဲ့ ရှက်စရာနေ့ရက်များWhere stories live. Discover now