It's all be already (Part II)

Start from the beginning
                                    

'ဘာဖြစ်တာလဲမပြောချင်မပြောနဲ့ ကျွန်တော်အဖြေရှာပါ့မယ် ဒါကြောင့်မလို့ လွမ်းခွဲရအောင်စကားတော့မပြောပါနဲ့ ကျွန်တောက်အကိုမရှိရင်မနေနိုင်တာ အကိုလဲသိရက်နဲ့...'

ရင်ခွင်ထဲကကောင်လေးကရုန်းထွက်ကာ....

'ဟင့်ဟင် လမ်းခွဲမယ် ကျေးဇူးပြုပြီး နောက်ခါငါ့ရှေ့မှာပေါမလာပါနဲ့တော့....'

သူထွက်သွားတဲ့ကျောပြင်ကိုကြည့်ပြီး ကြောင်အနေမိတော့သည်.....
အဲ့နေ့ပြီးကတည်းက အကိုကသူကိုတကယ်လျစ်လျူရူလိုက်တော့တာဘဲ သူ့ဖုန်းဆက်တဲ့အခါမအားသေးဘူးနဲ့တိုးတယ်...
ပို့တဲ့မက်ဆေ့တွေပို့မရတော့ထိ ......
သူအကို့ရှိရာတွေလာခဲ့ပေမယ့် အကိုကိုသူတခါလေတောင်မတွေ့ခဲ့.......
ဘာမှမသိရဘဲဖြတ်ချခံရတာရင်နာဖို့ကောင်းတယ် တကယ်ဆိုအကြောင်းပြချက်တစ်ခုခုတော့ရှိသင့်တယ်မလား အကိုကဘလိုတောင်အသဲမာနိုင်ရတာလဲ.....
.
.
.
နောက်အကို့ရဲ့အရင်းနီးဆုံးသူငယ်ချင်းဂျီဟွန်းဆီသွားတော့ အကို့ကသူ့အဘွားဆုံးလို့ဇာတိမြေကိုပြန်ရတာဖြစ်ပြီး အကို့မိသားစုကသူ့ထင်ထားတာထက်ပိုရူပ်နေဆာကိုသိခဲ့ရတယ် အကိုကသူ့စိတ်ရူပ်စရာဘဝထဲဝင်မလာစေချင်းကြောင်းကိုသိရတော့ သူငိုချမိခဲ့တော့သည်.....
.
.
.
.
အကို့မွေးရပ်မြေကိုသူလိုက်သွားဖို့ဆုံးဖြတ်ပြီးနောက် ....
.
.
.
အကို့ရဲ့မွေးရပ်မြေချွန်းဂျူ့ဂျီ ကသိပ်ကိုလှတာဘဲ တောင်တွေပတ်ပတ်လည်နဲ့ နေချင်စရာလေး သူ့အတွေးထဲမှာ အကိုနဲ့ဒီမွေးရပ်မြေမှာခြေချချင်တဲ့စိတ်ကူးလေးက သိပ်ကိုလှပါတယ်.....
.
.
.
အိမ်နံပါတ်တွေရှာရင် တွေ့ပါပြီ အပြာရောင်အိမ်လေး....
ခြံစည်းရိုးပေါပေါက်နေတဲ့အပင်တွေကအစသိပ်လှတာဘဲ ....
အကိုတို့ခြံဝန်းထဲမှာ ဒန်းလှလှလေးရယ် ဘေးကစီကာထားတဲ့ပန်းအိုးလှလှလေးတွေရယ် ဒါကြောင့်အကိုကပန်းပင်စိုက်ရတာဝါသနာပါတယ်ပြောဖူးတာကို....
ချစ်သူသက်တမ်းတစ်နစ်ပြည့်မှာ သူ့ကအကို့ကိုဒေစီပန်းမျိုးစိတ်လေးတွေပေးဖူးတယ် သူရှာကြည့်တော့ တွေ့ပါပြီ အိမ်ရဲ့တောင်ဘက်ခြမ်းမှာဒေစီပန်းတွေအစီရီပွင့်နေတာမြင်ပြီးသူပြုံးလိုက်မိသည်....
ဖွင့်ဟလာတဲ့ တံခါးနောက်ကွယ်ကအရိပ်ကလေးက သူနဲ့ရင်းနီးနေတယ်...
အံဩသွားတဲ့မျက်နာကအစ ချက်ချင်းမျက်နာပြန်တည်ပြီး သူရှေ့ကရောက်လာကာ....

'ဘာလို့လိုက်လာတာလဲ.... ပြန်တော့....'

ခုနာပြုံးနေတဲ့သူမျက်နာသိသိသာသာပျက်ရွင်းခဲ့ပေမယ့် ဘာမှမဖြစ်သလိုဟန်ဆောင်ကာ.....

'ဘာလို့ဖုန်းမကိုင်တာလဲ.....'

ဂျွန်ဂယူကချက်ချင်း ဟာရုတိုကိုလက်ကိုဆွဲကိုင်ကာ နင်ထုတ်ဖို့ကြိုးစားတော့ ဟာရုတိုကပေကပ်ကပ်နဲ့ရပ်နေခဲ့တယ် ညနက်တဲ့ထိ အကိုတံခါးပေါက်လေးကပွင့်မလာခဲ့ဘူး.....
ကျောပိုးအိတ်ကိုတာဆုပ်ကိုင်းရင်း သူခေါင်းငုံ့ချတော့ မြေပြင်ပေါမှာကျလာတဲ့ နင်းပွင့်တွေကိုသူမြင်လိုက်ရတယ်...
ဆောင်းရာသီရဲ့ပထမဆုံးနင့်ပွင့်တွေကအရမ်းကိုလှပါတယ်....
.
.
.
တစ်ဖြည်းဖြည်းပိုကျလာတဲ့နင်းတွေကြားက ဟာရုတိုကိုကြည့်ရင်း ဂျွန်ဂယူမနေနိုင်.....

ဖွင့်ဟလာတဲ့တံခါးကို ဟာရုတိုငေးကြည့်ရင်း....

'ရူးနေလား ဟမ် ဒီလောက်အေးနေတာကို အအေးမိလို့မရတာကို....'

ကိုကိုကလူလိမ် ပြတ်သားချင်ယောင်ဆောင်နေတဲ့လူဆိုးလေး....

'ရယ်နိုင်သေးတယ်လား ငါ့မှာဘာမှမရှိတော့ဘူး ငါ့မှာလေ....'

ပြောရင်ရိူက်ငိုလာတဲ့အကို့ကိုသူထွေးပွေ့ရင်း.....

'ကျွန်တော်ရှိနေပေးပါ့မယ် ကျွန်တော်တစ်သက်လုံးကို့ကိုဘေးမှာရှိနေပါ့မယ်.....'






နောက်ကြောင်းပြန်တာကမပြီးသေးဘူး shortလို့ပြောပြီးရှည်နေတာ🤣
နောက်တစ်လလောက်နေမှပြန်လာတော့မယ် silent reader လုပ်လိုက်အုန်းမယ်😚

Harukyu one short (collection)Where stories live. Discover now