ယခင်တစ်ကြိမ်က ကြားခဲ့ရသည့်အသံအတိုင်း ပြောင်းလဲခြင်းမရှိ၊ လူလေးငါးဦးကပြောနေသကဲ့သို့ အသံများကရောနှောနေဆဲ။ အသံကြားရုံမျှဖြင့် ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်မို့ အနက်​ရောင်မြင်းတပ်​ခေါင်း​ဆောင်မှာ တံတွေးတစ်ချက်မြိုချကာ အရဲစွန့်၍မေးလိုက်တော့သည်။

"အားအင်တွေပြည့်နှက်နေတဲ့ အရှင့်ကိုမြင်ခွင့်ရဖို့ စောင့်ဆိုင်းနေခဲ့ရတာပါ "

ထိုဖြေဆိုမှုအပေါ် နှစ်ချိုက်သွားဟန်ရှိသည့် ရယ်သံကြီးကလှိုဏ်ဂူအနှံ့ ပျံ့နှံ့ထွက်လာပြီး မြေကြီးတစ်ခုလုံး သိမ့်ခနဲတုန်သွားခဲ့သည်။ တစ်ကြိမ်မျှသာတုန်သွားခြင်းမဟုတ် အထဲမှ အကောင်အထည်မမြင်ရသေးသည့် ထိုအရာဧ။်ခြေလှမ်းတစ်လှမ်းရွေ့တိုင်း မြေကြီးပါတစ်ကြိမ်တုန်သွားခြင်း။ ဤမျှလောက် ပြင်းထန်သည့်လှုပ်ရှားမှုအရဆို ထိုအရာသည် ထုထည်ကြီးမားသည့်အရာသာ ဖြစ်ပေလိမ့်မည်ဟု တွေးနေမိသည့် အနက်ရောင်မြင်းတပ်ဧ။်ခေါင်းဆောင်မှာ ပြင်ပဆီသို့ ​ရောက်ရှိလာသည့် ထိုအရာကြီးကိုတွေ့သည်အခါ လက်ထဲကမီးတုတ်ပင် လွတ်ကျရချေသည်။

လူတွေထက် အဆပေါင်းများစွာကြီးမားပြီး ကျောက်သားနံရံဂူထဲမှခေါင်းငုံ့ကာ မနည်းတိုးထွက်လာရဟန်ရှိသည့် ထိုအရာကြီးက တစ်ကိုယ်လုံးကို အ​ညောင်းဆန့်ခါထုတ်နေရာက ရုတ်တရက်ဆိုသလို သူဧ။်မျက်နှာကိုအနက်ရောင်မြင်းတပ်ခေါင်းဆောင်ဧ။် မျက်နှာအနီးသို့တိုးကပ်လိုက်တော့သည်။ ထို့နောက်

"မကြာမီမှာအသင်နဲ့အကျွန်ုပ်သာ ပိုင်စိုးရတော့မယ် နယ်မြေတွေအတွက် အသင့်ဖြစ်ပါပီလား မင်းသား"

ဟူသော စကားသံ၊ပြောင်းလဲသွားသည့်အသုံးအနှုန်းကို သတိပြုမိသည့်တိုင်အောင် ထိုမြင်းတပ်ခေါင်းဆောင်ကတော့ နေရာတွင်ပင်မရွေ့နိုင်သေး သူမြင်နေရသည်အရာသည် အမှန်တကယ်ဟုတ်ရဲ့လားဟူသော အတွေးတို့ကသာ ကြီးစိုးနေခဲ့သည်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

သတ်မှတ်ပေးထားသည့်ရက်က တစ်ရက်လိုနေသေးသည့်တိုင် ဒဏ္ဍာရီလာသတ္တဝါကြီးဧ။်ပုံက ပြီးလုနီးနီးဖြစ်၍ ကောင်းယံ အဆုံးသတ်ရေးဆွဲနေခဲ့သည်မှာ မိုးတောင်လင်းလုလုဖြစ်နေချေပြီ။ ဒီရက်ပိုင်းအတွင်း ခန္ဓာကိုယ်ကိုငုံ့ကိုင်းလိုက်တိုင်း ရှေ့သို့ဝဲခနဲကျလာသည့် ဆွဲကြိုးလေးကို မြင်ရပြီး ထိုသို့မြင်လိုက်တိုင်းလည်း သိမ့်ခနဲခံစားချက်ကို ခံစားရစမြဲ။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now