"အကြောင်းပြချက်ပြောင်းလိုက်ပါ့လား
ဒီတစ်ခွန်းတည်းဘဲပြောရတာမပြင်းဘူးလား
ငါတော့ကြားရတာပြင်းလာပြီ"------------
"Oh!"
Yaowenက သူနှာခေါင်ထိပ်ကိုထိလိုက်ပြီးတော့
Song Yaxuanကိုပြန်ဖြေလိုက်တယ်။"နောက်တစ်ခါဆိုရင်ပြောင်းဖြေဖို့ငါသတိထားလိုက်ပါမယ်"
Song Yaxuanက အပြုံးတစ်ခုဖြင့်တုံ့ပြန်လိုက်သည်။
Liu Yaowenက ငယ်ငယ်လေးကတည်းက
ဆယ်ကျော်သက်အထိ ထို့အပြင်ယခုတောင်မှလေ့လာရတာကိုကြိုက်နှစ်သက်တဲ့ကလေးလေးဘဲဖြစ်တယ်။သူက Song Yaxuanနားကိုတိုးကပ်သွားလိုက်ပြီးတော့"မင်းရဲ့ဆံပင်ပေါ်မှာတစ်ခုခုရှိနေတယ်ဆိုရင်ရော..ဒါက အကျိုးအကြောင်းသင့်တယ်လို့ငါထင်တယ်"Song Yxuanက ဒီလိုပေါက်တက်ကရနဲ့ရူးတူးတူး
ပေါတောတောမေးခွန်းတွေကို မကြားရတာအချိန်ကြာပြီမို့လို့ ခဏလောက်တော့စဉ်းစားလိုက်ရတယ်။"ဟုတ်တာပေါ့"
Liu Yaowenနဲ့ Song Yaxuanက စကားတစ်ပြောပြောနဲ့သစ်သီးတွေထားထားတဲ့ eraဘက်ကိုလျှောက်လာကြတယ်။Liu Yaowenက ရုတ်တရက်ကြီးရပ်လိုက်ပြီး သူရှေ့မှာရှိတဲ့ lစပျစ်သီးစိမ်းတစ်ဘူးကို တွန်းလှည်းထဲသို့တိတ်တိတ်လေးထည့်လိုက်တယ်။
Song Yaxuanက Liu Yaowenကိုအပြုံးတွေပါဝင်တဲ့အကြည့်တွေနဲ့ကြည့်နေ၏။
သူတို့နှစ်ယောက်က စကားတွေအများကြီးမပြောပေမယ့် တစ်ယောက်ကစကားတစ်ခွန်းပြောလိုက်
တစ်ယောက်က ပစ္စည်းတွေကိုလှည်းထဲထည့်လိုက်နှင့် လေထုကတော်တော်လေးကိုပျော်ရွှင်စရာကောင်းနေတယ်။ဒါကLiu Yaowenလိုချင်တဲ့ဘဝပုံစံလေးဘဲဖြစ်တယ်။အရမ်းကြီးအလုပ်မရှုပ်တဲ့လုပ်ငန်းတစ်ခု...
ဖရိုဖရဲဖြစ်နေတဲ့ကမ္ဘာကြီးနဲ့ အဆက်အသွယ်မလုပ်ဘဲSong Yaxuanနဲ့ သူသာ။အလုပ်ကဆင်းလို့ နေဝင်ချိန်မှာအိမ်ပြန်ရင်း
အိမ်မှာ စားသောက်ကုန်တွေလုံလုံလောက်လောက်မရှိတာကြောင့် သူနဲ့SongYaxuanက
Supermarketမှာ တွန်းလှည်းတွန်းရင်း ရေခဲသေတ္တာထဲကိုဖြည့်စရာစားစရာတွေသွားဝယ်ကြပြီး သူရဲ့မတောက်တခေါက်ချက်ပြုတ်စွမ်းရည်နဲ့ ညစာချက်စားမယ်။
Chapter-7(Zawgyi)
Start from the beginning