🍎1🍎

10.2K 1.1K 184
                                    

#Unicode

ဘာမှလဲ မေးလို့မရ ၊ ရဲလက်အပ်ဖို့အတွက်လဲ Nam Joon က လက်မခံတာကြောင့် Jungkook မှာ မတတ်သာတော့ဘဲ Taehyung ကို ခေါ်ထားဖို့ လက်ခံလိုက်ရတော့သည် ။

သူစိမ်းတစ်ယောက်ကို အသားလွတ်ကြီး လွယ်လွယ်ကူကူ တင်ကျွေးရမယ်လို့ Jungkook စိတ်တောင် မကူးခဲ့ဖူးဘူး။
အခုတော့ ဘယ်ကမှန်းမသိ ၊ ဘယ်လိုလူမှန်းလဲမသိတဲ့ အရူးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ထားရတော့မည် ။

"Hyung က ဘယ်လောက်တောင် သေချာနေလို့လဲ ... အရူးဆိုလဲ ဒီအတိုင်းချော့မော့ပြီး ပြန်လွှတ်လိုက်ရင် ရပါတယ်"

"မင်းကလဲကွာ ကောင်လေးက သနားကမားလေးပါ .. မျိုးရိုးမြင့်ထဲကပဲဖြစ်လိမ့်မယ် ။ ရုပ်ရည်လေးကလဲ ချောကချော လှကလှနဲ့ မကောင်းတဲ့လူတွေနဲ့တွေ့သွားရင် ခက်ရချည်ရဲ့ကွာ"

"တွေ့တွေ့ပေါ့ ကိုယ့်အရေးလား .. သူ့ဟာသူ ဘာဖြစ်ဖြစ်ပေါ့ ။ Hyung က လျှာကိုရှည်တယ်"

Jungkook မကျေမနပ်စွာဖြင့် ဘောက်ဆတ်ဆတ်ပြော၍ ထထွက်သွားသည် ။

Nam Joon မှာတော့ ကုတင်ပေါ်တွင်လှဲအိပ်နေတဲ့ ကောင်လေးကိုကြည့်ကာ သနားဂရုဏာသက်နေမိသည် ။

ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဂေါက်သီးလေးဖြစ်နေရှာတယ် သနားပါတယ် ။

**

"မင်းကို ဘယ်သူက အဲ့ဒီ အင်္ကျီတွေ ယူဝတ်ခိုင်းလို့လဲ!! အခုချွတ်!"

"ဟင့် .. သားမှာ အင်္ကျီမှမရှိတာကို ..အီးဟီး"

"ကျစ်.. မင်းမရှိရင် မဝတ်နဲ့လေ ။ ဘာလို့ ငါ့အင်္ကျီတွေ ယူဝတ်တာလဲ ။ တော်လဲ မတော်ဘဲနဲ့ ..."

Taehyung မှာ Jungkook ၏ အင်္ကျီပွပွကြီးကြားထဲတွင် မြုပ်နေ၏ ။ အများအမြင်မှာ ချစ်စရာကောင်းနေမှာဆိုပေမယ့် Jungkook ကတော့ သူ၏အင်္ကျီကို ယူဝတ်ထားတာကြောင့် အတော်လေး ဒေါသထွက်နေသည်။

"တွေ့တဲ့ဟာ ယူဝတ်မိတာ "

"ရူးသာရူးတာ ရေချိုးရမှာကိုတော့ မင်းသိသားပဲ"

"ဘာကို အရူးလဲ .. သားမရူးဘူး ။ ရေမချိုးရင် ညစ်ပတ်နေမှာပေါ့ .. ရွံဖို့ကောင်းတယ်"

You Are The Apple Of My Eye(Completed)जहाँ कहानियाँ रहती हैं। अभी खोजें