ချင်ရိဟန်က ခပ်တိုးတိုးရယ်ပြီး
ချမ်းကျန်းရှီကို ပြောလိုက်တယ်,

"ရှေ့နေတစ်ယောက်ငှား"

ထိုသို့ ပြောပြီးနောက် ,ချင်ရိဟန်အပိုင်းအစကို ထပ်မံကောက်ယူလိုက်တယ်။

"အာ့!"

......

ချင်ရိဟန် လမ်းကြားထဲမှထွက်လာတဲ့အခါ,
ရှုကျန်းက ချက်ခြင်းအနီးသို့ရောက်လာပြီး
တစ်ရူးတစ်ရွက်ပေးလာတယ်။

ချင်ရိဟန် တစ်ရူးကိုယူလိုက်ပြီးသူ့လက်မှ
သွေးတွေကို သုတ်လိုက်တယ်,

" ဆေးတွေကို အသေအချာလုပ်လိုက်,
အတော်လေးညစ်ပတ်နေပြီ"

"ဟုတ်ကဲ့"

ချင်ရိဟန် ချွီရီ့ရဲ့ စတူဒီယို တံခါးကို
တချက်ကြည့်လိုက်ပြီးမှ ,

'အိမ်ပြန်မယ်"

"ဟုတ်ကဲ့"

ချင်ရိဟန် အချိန် မဖြုန်းလိုဘူး၊ သူပြန်
ရောက်တဲ့အချိန်ထိချွီရီ့ အိပ်နေတုန်းပဲ။အဝတ်တွေကိုအမြန်လဲပြီးရေချိုးရန်ရေချိုး
ခန်းထဲသို့ အမြန်သွားပြီးနောက် အိပ်ရာဝင်
လိုက်တယ်။

ချွီရီ့သူအိပ်ရာထဲ ရှိနေတာကိုခံစားမိသွား
ပုံဖြင့် သူ လဲလျောင်းပြီး မကြာမီရင်ခွင်
ထဲသို့ တိုးဝင်လာတယ်။

ချင်ရိဟန် ချွီရီ့ ရဲ့ ဆံပင်တွေကို ဦးစွာထိလိုက်တယ်၊ထို့နောက် နားရွက်အောက်ခြေ
မှဒဏ်ရာလေးကိုထိကိုင်လိုက်တယ်၊ ထို့ နောက်မှ ချွီရီ့ကို ဖက်ကာအတူအိပ်ပျော်
သွားခဲ့ တယ်။

ချင်ရိဟန်ကောင်းကောင်းလည်းအိပ်မ
ပျော်နိုင်ဘူး၊ ချွီရီ့ ရုတ်တရက်နိုးလာမှာ
ကိုသူစိုးရိမ်နေခဲ့တယ်။

ချွီရီ့ လည်း ထိုညတွင် အိပ်မက်များစွာ
မက်နေတာမို့ ကောင်းစွာအိပ်မပျော်နိုင်ခဲ့။
သူက ငယ်စဥ်ကလေးဘဝအကြောင်းအရာ
တွေကို အိပ်မက်မက်ခဲ့ပြီးချင်ရိဟန်ကိုလည်း
အိပ်မက်မက်ခဲ့တယ်။အိပ်မက်တွေမက်နေ
ပေမဲ့လည်း သူနိုးတော့မလာဘူး။

နှိုးစက်သံ ထွက်ပေါ်လာချိန် တွင် ချွီရီ့ ခေါင်းတွေအုံခဲနေဆဲပဲ၊မျက်လုံးတွေကို ဖွင့်ကြည့်
မိသော်လည်း ခန္ဓာကိုယ်ကမလှုပ်ရှားနိုင်သေးဘူး ။ချင်ရိဟန် ကသူ့ဘေးရှိ ဖုန်းကိုလှမ်းယူပြီးနှိုးစက်အသံပိတ်လိုက်တာကိုသာသူကြည့်နေရတယ်။ချွီရီ့လည်ချောင်းတွေသွေ့ခြောက်လျက်အသံလည်းမထွက်နိုင်ခဲ့။ချင်ရိဟန်က
သူ့ဖုန်းကို ပြန်ထားပြီး ချွီရီ့ ရဲ့မျက်နှာလေးကို ထိကိုင်လာတယ်။

ရှာလကာရည်အိုးကြီးနှင့်ရုတ်တရက်လက်ထပ်လိုက်ရတဲ့အခါ(Complete)✅✅✅✅Tahanan ng mga kuwento. Tumuklas ngayon