Part-1

5 1 0
                                        

လူတစ်ရပ်မက မြင့်မားသော မှန်အကာကြီးတစ်ခုအနားတွင် လူရိပ်သဏ္ဌာန်တစ်ခုဟာ အပြင်ဘက်ကို မျက်နှာမူလျက် ခပ်ဖျော့ဖျော့ရပ်နေသည်။
မှန်အကာ၏တစ်ဖက်ခြမ်း၌မူ ကောင်းကင်ပြာပြာ၊လူသွားလမ်းများ၊သစ်ပင်များကဲ့သို့ မြင်ကွင်းမျိုုးမဟုတ်။ ငါးအကြီးအသေးအစုံအလင်၊ ရေဘဝဲများ၊ ငါးမန်းများနှင့်အတူ ပင်လယ်ရေနက်ပိုင်းတွင်သာတွေ့နိုင်တဲ့ ရေသတ္တဝါအမျိုးမျိုးကို အဆုံးမရှိလွင်ပြင်ကြီးကဲ့သို့ တွေ့မြင်နေရမည်ဖြစ်သည်။

မှန်အကာကြီး၏အတွင်းဘက်မှထိုသူ၏ ဖြာထွက်နေသော မျက်စိကျိမ်းလောက်သည့်အရှိန်အဝါက သူ၏ညာဘက်နားထက်ရှိတန်ဖိုးမည်မျှတန်သည်ကိုပင် ခန့်မှန်း၍မရနိုင်သောဖြာလက်နေသည့် စိန်ပွင့်ကိုပင်မှေးမှိန်သွားစေသယောင်။သို့သော်ထိုသူ၏အညိုရောင်မျက်ဝန်းများတွင် ပင်လယ်ပြင်ကြီး၏အပြာရောင်အရိပ်နှင့်အတူ လွမ်းဆွတ်တမ်းတသော၊ တန်ဖိုးရှိအရာတစ်ခုအားမျှော်လင့်နေဟန်ရှိသော ခံစားချက်များထင်ဟပ်လျက်ရှိသည်။
__________________________________

"Creatinine စစ်တိုင်းမှားနေတာ ဘယ်နှခါရှိနေပြီလဲ၊ပြီးစလွယ်တစ်ချက်လုပ်လိုက်တာက လူနာရဲ့အသက်ပေါ်မူတည်နေတယ်ဆိုတာနားမလည်ဘူးလား"

"အခုမှားမှန်းသိပြီးနေတာပဲ၊ ဘာမှမဖြစ်တော့ဘူးမှတ်လား။အရေးမပါတာတွေငါ့ဆီအချိန်ကုန်ခံပြီးလာမပြောကြနဲ့"

Sunပုဂ္ဂလိကအထူးကုဆေးရုံကြီးတွင် ဂျူတီကုတ်၀တ်ဆင်ထားသောဆရာ၀န်နှစ်ယောက်နှင့် ဓါတ်ခွဲခန်းuniform ၀တ်ဆင်ထားသည့်လူတစ်ဦးစကားများနေကြသည်။ ထိုဆရာ၀န်နှစ်ဦးအနက် အရပ်အနည်းငယ်ပိုရှည်ကာ စူးရှနေသည့်မျက်၀န်းများနှင့်တစ်ယောက်သည် ဒေါသမထိန်းနိုင်ဟန်ဖြင့် ဓါတ်ခွဲခန်းမှူးuniform နှင့်တစ်ယောက်အား လည်ပင်းအင်္ကျီစမှကိုင်ဆွဲကာ ဘေးရှိနံရံထက်တွင်ကပ်လျက်

"I wanna f*ck your mouth!ဒီတိုင်းကြည့်နေလို့အကောင်းမှတ်နေလား၊မကျေနပ်ရင်မင်းဖေသွားတိုင်လေ။ ပြောရင်ကြီးကြီးကျယ်ကျယ်နဲ့ လူကဖြင့်တစ်ခုခုဆိုဖအေကိုသွားသွားတိုင်တဲ့ ငချွတ်လေးတစ်ကောင်ကမာန်လာဖီနေတယ်"

TideWhere stories live. Discover now