အပိုင်း ၇၂

Start from the beginning
                                    

သူ့အနောက်မှာတော့ လေးသည်တော်တွေက လေးကြိုးကို အပြည့်အတင်းဆွဲကာ ချိန်ရွယ်ထားပြီး ဒြပ်စင်ဆိုင်ရာ စိတ်ဝိညာဥ်အလင်းတန်းတွေက ဖြာထွက်နေတော့သည်။

"သိပ်ကောင်းတယ် ဟန်ရှောင်လင် မင်းသိပ်တော်တယ်"

မုတ်ဆိတ်ထူများကြားကနေ အပြုံးတုတစ်ပွင့်နှင့်အတူ စကားသံ ထွက်လာ၏။

"ငါ့သမီးနေရာမှာ အစားထိုးဖို့ ဒီလိုအတုအယောင်မကို သုံးဝံ့တယ်ပေါ့လေ။ လူငယ်တွေက တယ်လည်း အတွေးအခေါ် ကောင်းကြသကိုး!"

ဟန်ရှောင်လင်၏ ဦးရေပြားမှာ ထုံကျဥ်လာတော့သည်။

"စန်းဘုရင်"

သူက အသက်ပြင်းပြင်းရှုကာ ဆိုလိုက်၏။

"ဒါက ဇနီးသည်ရဲ့ဂုဏ်သတင်းနဲ့ သက်ဆိုင်နေပါတယ်။ တချို့စကားလုံးတွေက နှစ်ကိုယ်ကြားပြောတာ ပိုကောင်းပါတယ်"

စန်းဘုရင်က တစ်ကိုယ်လုံးတုန်ခါအောင် ရယ်မောတော့သည်။ သူ့ကိုယ်ထက်က သံချပ်ကာတွေတောင် တချွမ်ချွမ်မြည်သွားရသည်။ သူက ဆိုလိုက်၏။

"ဖီ! ငါတို့စန်းမိသားစုက မင်းသမီးက ဖြောင့်မတ်ပြီး တရားမျှတတဲ့အမျိုးသမီးကွ! ဒါပေမဲ့ ဟန်ရှောင်လင် မင်းကတော့ မိစ္ဆာသုံးဖော်မျိုးနွယ်ဝင်ကို ကာကွယ်ပေးပြီးတော့ ဆိုးယုတ်တဲ့အကြံတောင်ထုတ်လိုက်သေးတယ်။ ဒီနေ့မှာတောင် မင်းက မင်းနဲ့ရင်းနှီးနေတဲ့ ယုံးပြည်နယ်ကို တိုက်ခိုက်နိုင်ဖို့ ဒီဘုရင်ကို လာသွေးထိုးလှုံ့ဆော်လိုက်သေးတယ်။မင်း ဘယ်လိုတောင် ဒီလို လုပ်နိုင်ရတာလဲ!"

ဟန်ရှောင်လင်က ရုတ်တရက်ခေါင်းငုံ့လိုက်ကာ ဆိုလာသည်။

"စန်းဘုရင်အနေနဲ့ ဒီအမျိုးသမီးက မိစ္ဆာသုံးဖော်မျိုးနွယ်က ဆင်းသက်လာမှန်း သိနေမှတော့ ကျွန်တော့်ရဲ့အကျပ်အတည်းနဲ့ ကူကယ်ရာမဲ့မှုတွေကိုလည်း သိသင့်ပါတယ်"

ဤအချိန်မျိုးမှာ သူ့အနေဖြင့်အားနည်းမှုကိုသာ ပြမှ ဖြစ်မည်ပင်။

"မင်္ဂလာပွဲနေ့တုန်းက ကျွန်တော့်ဇနီးသည်ခမျာ မတော်တဆမှုနဲ့ကြုံလိုက်ရတယ်။ ကျွန်တော့်နှလုံးသားက ဓါးတစ်ချောင်းနဲ့ဆုတ်ဖြဲခံလိုက်ရသလို ခံစားလိုက်ရတာမို့ နေ့တိုင်းနေ့တိုင်း အရက်နဲ့ပဲ ကျွန်တော့်ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို မြုပ်နှံထားရပါတယ်။"

သူ ထိုသို့ပြောလာသည်နှင့် စန်းချန်ယင်းမှာလည်း အသည်းနှလုံးတွေ စုတ်ပြဲသွားသလို ခံစားလိုက်ရသည်။ သူက ဟန်ရှောင်လင်ထံ စူးစူးရဲရဲကြည့်လိုက်သော်လည်း ထိုလူက ခေါင်းငိုက်စိုက်ချထားသည်မို့ အမူအရာကို မမြင်ရပါချေ။

"ယောက္ခထီးတော်လည်း မြင်မှာပါ။ဒီအမျိုးသမီးက ကျွန်တော့်ဇနီးသည်နဲ့ အင်မတန်မှကို တူလှပါတယ်။ဒီသမက်တော်က ယာယီလောက် ရှုပ်ထွေး မွန်ထူသွားပြီးတော့ အမှားကြီး ကျူးလွန်မိသွားပါတယ်။ ခုချိန်မှ နောင်တရတာ အသုံးမဝင်တော့ပြီမို့ ပြင်ဖို့ပဲ ကြိုးစားနေရတာပါ"

စန်းချန်ယင်းက မုတ်ဆိတ်ထူကြီးကို ပွတ်သပ်ရင်း ရယ်မောလေသည်။ သူက ဘယ်နှင့်ညာကို ကြည့်လိုက်ရင်း ဆိုလိုက်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now