သာမန်တွေ။
မသိခဲ့ကြဘူး။
အတန်းသူ အတန်းသား ။
မြင်ရုံလောက်ဘဲ။

ရယ်ချင်စရာကောင်းခဲ့ကြတဲ့ငါတို့။

September လ။

" ဂျောင် ... ငါခေါ်နေတယ်လေ "

" ဟင် အင်း အင်း ပြောပါဗျာ"

" ရွဲ့နေတာလား "

" ဟော...စ,တာပါဗျာ "

တံတားကြီးပေါ်မှာသူတို့ရောက်ရှိနေကြသည်။ကျောင်းပြန်တိုင်း
လာအနားယူကြတဲ့သူတို့နှစ်ဦး၏
လျိုဝှက်စကားပြောခန်းနေရာလေးလည်းဟုတ်သည်။

သစ်ရွက်စိမ်းဖတ်ရောင်စက်ဘီးကလေးကိူရပ်ထားသည်။
တိမ်ဖြူတွေသည် နေညိုရောင်၏ထိန်တောက်ပေးမှူကြောင့် အနီရောင်တွေရောသွမ်းနေသည်။

တိမ်ရောင်စုံတွေအောက်ကအခိုက်အတန့်ကလေးတွေ။

" အဲ့လိုကြီးတွေမနောက်နဲ့လို့ "

" အင်းပါ ကဲ ပြော "

ကျွန်တော့်ရဲ့စိတ်လိုလက်ရ စကားတွေကို
မငြီးမငြူနားထောင်ပေးတတ်သည်။
အမြဲတစေ ဂရုစိုက်ပေးသည်။
နှစ်သိမ့်ပေးတတ်သည်။
နွေးထွေး‌ေပးတတ်သည်။
ဂျောင် ဆိုတဲ့လူသားလေးကကျွန်တော့်ကိုသိပ်ပျော်စရာတွေပေးတာ။

October လ။

" ဘူဆန်ကိုဒါဝတ်သွားမလို့ မမိုက်ရင်ပြန်လဲလိုက် မယ် "

" မိုက်ပါတယ် အပေါ်ဝတ်အပါးလက်ရှည်လေးပါယူသွားလေ "

" အဲ့တာကပါတယ် "

" အင်းပါ ကောင်းကောင်းပျော်ခဲ့အုံး "

" အွန်း တာ့တာ "

"တာ့တာ "

အသေးစိတ်ကအစချည်ရယ်လို့
နှစ်ကိုယ့်တစ်စိတ်အဖြစ်ရင်းနှီးလာခဲ့ကြသည်။သံယောဇဉ်တွေရဲ့အရင်းအမြစ်‌လေးက ဒီလိုစတင်ခဲ့သတဲ့။

ဘယ်လိုဇာတ်လမ်းလေးဖြစ်မယ်လို့
ကောက်ချက်ချမိကြလည်း။
အရိုးရှင်းဆုံးနဲ့သူတို့‌ေလးနှစ်ဦးကို
တွေ့မြင်ကြရမှာတော့အမှန်ဘဲ။
‌ပေါ့"ပါး" လို့လည်းမပြောထားတာမို့
ဖြည်းဖြည်းချင်းသွားကြတာပေါ့🤍

Orchidluv

Zawgyi

မင်းကငါ့အတွက် အချစ်ဦးမဟုတ်ခဲ့ပါဘူး။

P I E C E SWhere stories live. Discover now