" ဒါပေမယ့် ကျတော် လူရွေးပွဲဝင်မပြိုင်ရသေးဘူးလေ..အဲ့တာကို ကျတော့်အတွက်ဆိုပြီး ဘယ်လိုများအတည်ယူလိုက်တာလဲ? "

" ဘယ်လိုဖြစ်သွားလဲဆိုတာ ငါလည်း အတိအကျတော့ မသိဘူး..ဒါပေမယ့် ငါ ဝူရှင်းဟိုင်နဲ့ စာချုပ်ချုပ်ပြီးသွားတော့ သူငါ့ကို ဇာတ်ညွှန်းပေးသွားတာ " ရှန်မင်အန်က ပြောလာသည်။ " သူတို့မင်းကို ဘယ်လိုရှာတွေ့သွားတယ်ဆိုတာ အရေးမကြီးပါဘူး..မင်း ဝူရှင်းဟိုင်ရဲ့လှေပေါ်ကိုရောက်သွားပြီဆိုမှတော့ အနုပညာလောကထဲက လှိုင်းလှုံးကြားထဲမှာ အောင်အောင်မြင်မြင် ကူးခက်နိုင်ပြီး တောက်ပတဲ့အနာဂတ်တွေ ရောက်ရှိလာတော့မှာ "

နန်ဟွိုင်လင် စိတ်တွေထိန်းချုပ်မရတော့ဘဲ လက်ထဲက ဇာတ်ညွှန်းစာအုပ်ကို လှန်လှောကြည့်ကာ ရှန်မင်အန်ကိုလည်း လှမ်းမေးလိုက်သည်။

" အမရှန် ဇာတ်ညွှန်းက ဘာအကြောင်းလဲဆိုတာ သိပြီးပြီလား? "

" ငါ သိတာကတော့ ဒါက မွေးစားသားနဲ့ သူ့အဖေတို့ရဲ့အကြောင်းပဲ..ဒါ​ပေမယ့်ဘယ်လိုအကြောင်းမျိုးလဲတော့ ငါလည်းသေချာမသိဘူး..မင်းက မွေးစားသားနေရာကနေ သရုပ်ဆောင်ရမှာ..မင်းရဲ့အဖေနေရာက သရုပ်ဆောင်မဲ့သူကို မှန်းကြည့်မလား? "

နန်ဟွိုင်လင် မစဥ်းစားနိုင်တော့ပဲ ခေါင်းရမ်းပြလိုက်တယ်။ " ကျတော် မသိဘူး "

ရှန်မင်အန်ပြုံးကာ ပြန်ပြောလိုက်တယ်။ " ချီကူး "

မာမား! ချီကူးတဲ့! သူ့အိုင်ဒေါ!

နန်ဟွိုင်လင် လေပေါ်တောင်ရောက်နေပြီလို့ခံစားနေရပြီး သူ့နှလုံးသားကလည်း လုံးဝကို အချိုတွေနဲ့ပြည့်နေတော့တယ်။

" မင်း ရှာဖွေမှုအခံရဆုံးသူ မဖြစ်ချင်ဘူး၊ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်လို့ ပြောခဲ့တယ်မလား? ဒီရုပ်ရှင်ရိုက်ပြီးရင် မင်းက စစ်မှန်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်လာတော့မှာ "

နန်ဟွိုင်လင် ရုတ်တရက် သံသယဝင်လာ၏။ ဒီလိုမျိုးဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်တွေက ထိပ်တန်းမှာရှိတဲ့ စီစဥ်ထားတဲ့ ရုပ်ရှင်ကားတစ်ခုပဲ..အဲ့တာကို သူ့လိုလူက ဘယ်လိုလုပ်ပါလာတာလဲ?

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now