" အမကျူ..ကျတော်က ရှာဖွေမှုအများဆုံးသူ မဖြစ်ချင်ဘူး..သရုပ်ဆောင် တစ်ယောက်ပဲဖြစ်ချင်တာပါ "

ထိုအခါ ရှန်မင်အန်က ပြုံးလာပြီး သူ့ကို စာအုပ်အတွဲလိုက်ကြီးတစ်ခု ကမ်းပေးလာ၏။ " ဒီရုပ်ရှင်က မင်းကို စစ်မှန်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်အောင် လုပ်ပေးလိမ့်မယ် "

ရုပ်ရှင်တဲ့လား?

နန်ဟွိုင်လင့် နှလုံးသားက တလှပ်လှပ်နဲ့တုန်ယင်လာပြီး စာအုပ်တွဲကိုယူကာ အဖုံးကိုငုံ့ကြည့်လိုက်သည်။

[ ဖေဖေ ]
ဇာတ်ညွှန်း- ဝမ်ကွမ့်
ဒါရိုက်တာ- ဝူရှင်းဟိုင်

နန်ဟွိုင်လင် စိတ်တွေ အရမ်းလှုပ်ရှားသွားတာကြောင့် သူ့လက်တွေပါတုန်ယင်နေတော့သည်။

ဝမ်ကွမ့်နှင့် ဝူရှင်းဟိုင်က တစ်ယောက်က ထိပ်တန်းဇာတ်ညွှန်းရေးဆရာဖြစ်ပြီး နောက်တစ်ယောက်က စူပါဒါရိုက်တာတစ်ယောက်ဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့နာမည်က မိုးကြိုးသွားတွေလိုပဲ တရုတ်နိုင်ငံကအရေးပါတဲ့ဆုပေးပွဲတွေဆိုရင် သူတို့က ပုံမှန်ဧည့်သည့်တော်တွေဖြစ်တာကြောင့် သူတို့နာမည်ကို နန်ဟွိုင်လင် ဘယ်လိုလုပ်မသိဘဲနေမှာလဲ?

ဒါပေမယ့် သူလို ဘာမှဖြစ်မလာသေးတဲ့သရုပ်ဆောင်ပေါက်စလေးက ဒီလိုကျော်ကြားတဲ့လူနှစ်ယောက်နဲ့ အလုပ်လုပ်ရမဲ့အခွင့်အရေးကို သူ ဘယ်တုန်းကမှ စိတ်ကူးတောင် ယဥ်မထားခဲ့ဖူးတာကြောင့် နေ့ခင်းအိပ်မက်မက်နေသလို နတ်ပြည်ကိုသူရောက်သွားတယ်ဆိုတာ မသေချာတဲ့ထင်မြင်မှုတစ်ခုလိုပဲ ဖြစ်နေသည်။

" အမရှန် " နန်ဟွိုင်လင့်နှလုံးသားက ပြင်းထန်စွာခေါက်ပေါက်နေတာကြောင့် သူ့လည်ပင်းတွေကလည်း တင်းကျပ်နေသည်။ " အမရှန်ပြောတာက ဝူရှင်းဟိုင်ရိုက်မဲ့ရုပ်ရှင်ကားကို ကျတော် သရုပ်ဆောင်ဖို့ အခွင့်အရေးရတယ်လို့ ပြောချင်တာလား? "

" အခွင့်အရေးရတာမဟုတ်ဘူး..အဲ့တာက သေချာပေါက် မင်းအတွက်ပဲ "

နန်ဟွိုင်လင် စိတ်လှုပ်ရှားလွန်းလို့ ထတောင်အော်ချင်လာတယ်..ဒါပေမယ့် သူကိုယ့်သူပြန်ထိန်းလိုက်ပြီး စိတ်တည်ငြိမ်သွားအောင် အချိန်ခနလောက်ယူလိုက်ပြီးမှ ဆက်၍မေးလိုက်တယ်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now