ထိုအခါ ရွမ်ရှင်းက ပြုံးကာ ဆိုလာသည်။ " အခုဆို မင်းတစ်ကိုယ်လုံးက တောက်ပနေတာပဲ..မင်း တော်တော်ကို လှလာတယ် "

ရွမ်ရှင်း၏ ချီးကျူးစကားတွေကြောင့် သူပိုပိုပြီး ရှက်လာရသည်။ " ဒါနဲ့..လက်ထောက်ရွမ်..Mr.ဖေ့က မင်းကို ဆက်သွယ်လာသေးလားဟင်? "

ရွမ်ရှင်း ခေါင်းညိမ့်ပြကာ ပြောလိုက်သည်။ " ငါ အခုပဲ လေယာဥ်ကွင်းမှာ သူ့ကို သွားကြိုမလို့....မင်း အားရင် ငါနဲ့လိုက်ခဲ့လို့ရတယ်..သူကလည်း မင်းကိုတွေ့ချင်နေမှာပါ "

" ကျတော့်အေးဂျင့်က ခေါ်ထားလို့ ကျတော် သူမကို အခုသွားတွေ့ရမှာမို့ "

" အဲ့ဒါဆိုလည်း သွားလိုက်ပါ..ငါလည်း သွားရတော့မယ် "

နန်ဟွိုင်လင် ဓာတ်လှေကားထဲရောက်မှ တစ်ခုခုမှားနေတယ်ဆိုတာ သတိပြုလိုက်မိသည်။

ဖေ့ကျန်းက သူ့ကိုတွေ့ချင်နေတယ်ဆိုတာ ရွမ်ရှင်းက ဘယ်လိုသိနေတာလဲ? သူ သိနေတဲ့လျှို့ဝှက်ချက်ကို ရွမ်ရှင်းကလည်း သိနေတာလား?

ဒီလိုနဲ့ ရှန်မင်အန်ရဲ့ရုံးခန်းတံခါးဝကိုရောက်တော့ သူ့ရဲ့အတွေးတွေကို ခနဖယ်ထားလိုက်ကာ လက်မြောက်ပြီး တံခါးကိုခေါက်ရင်း အထဲက အဖြေပြန်ပေးသံကြားရမှ တံခါးကိုတွန်းဖွင့်ကာ ဝင်လာလိုက်၏။

ဇာတ်လမ်းနှစ်ခုကို တစ်ခုပြီးတစ်ခုရိုက်ပြီးနောက် နှစ်ဝက်ကျော်ကျော်ကြာအောင် သူဒီရုံးခန်းကို ခြေမချခဲ့တာကြောင့် အဲ့ကတည်းက ရှန်မင်အန်ကို သူမတွေ့ရတော့တာဖြစ်သည်။

ထင်ထားတဲ့အတိုင်းပဲ သူ့ကိုမြင်လိုက်တဲ့အချိန် ရှန်မင်အန်ကလည်း အံ့အားသင့်နေခဲ့သည်။ " ငါ ရှောင်ကျူဆီကနေ မင်းပိုကြည့်ကောင်းလာတယ်ဆိုတဲ့အကြောင်းကို ကြားထားခဲ့ပေမယ့် အခု ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်နေရတာတောင် ငါ မယုံနိုင်သေးဘူး! မင်း ဘယ်လိုများ အများကြီးပြောင်းလဲသွားတာလဲ? "

" ကျတော် ဆရာဝန်ဆီ သွားပြတော့ သူပြောတာက ဖွံ့ဖြိုးမှုနောက်ကျလို့တဲ့ "

" အခု မင်းမျက်နှာက တက်သစ်စပေါ်ပြူလာဖြစ်နေတဲ့သူအားကုန်လုံးကို သတ်နိုင်လောက်တဲ့ထိ ချောသွားပြီ..နောက်နှစ် ကြယ်နိုင်ငံထွက်လာရင် မင်းက သေချာပေါက် ဝက်ဝက်ကွဲအောင်မြင်ပြီး အွန်းလှိုင်းထိပ်တန်းရှာဖွေမှုအများဆုံးသူဖြစ်လာလိမ့်မယ် "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now