" အထူးကြပ်မတ်ဆောင်ထဲမှာ ၊ အခြေအနေကတော့ ပုံမှန်ဖြစ်သွားပြီ "

" တော်ပါသေးရဲ့ ၊ တစ်ခုခုဖြစ်သွားမှာစိုးလို့ ဘယ်လောက်တောင် စိုးရိမ်နေခဲ့လဲ သိလား "

ချစ်ရသူက မျက်ရည်ကျတော့လည်း နှိုင်းမှာ မနေသာ ။ ထွေးပွေ့ခြင်းဖြင့်သာ နှစ်သိမ့်မှုပေးနိုင်သည့်အခြေအနေ ။

" ခ "

မကြာမှီမှာပင် နေသူရာနှင့် နွေကန္တာဦး၏ ဖခင်က ရောက်လာတော့သည် ။

" ကန္တာ ဘယ်လိုနေသေးလဲ "

" အထူးကြပ်မတ်ဆောင်ထဲမှာ ၊ သိပ်စိတ်မပူပါနဲ့ အန်ကယ် ။ ဆေးအရှိန်ကြောင့် နိုးမလာသေးတာပါ ။ "

နွေကန္တာဦး၏ ဖခင်က အထူးကြပ်မတ်ဆောင်ထဲသို့ မပြေးရုံတမယ် ခြေလှမ်းများဖြင့် ဝင်သွားသည် ။

" Paraplegia သူရာ "

" ဟင် "

နေသူရာ တုန်လှုပ်သလို သူမလည်း ထိုနည်းတူ ဖြစ်ခဲ့ရသည် ။ လွန်းကလည်း နှိုင်းမခကို မော့ကြည့်လာသည် ။

" သေချာရဲ့လား "

" သေချာ မစစ်ဆေးရသေးပေမယ့် သေချာသလောက်ရှိတယ် သူရာ ၊ ကျောရိုးမ ၆ အောက်ကို response ပြန်မလာတော့ဘူး "

" CT ရော "

" MRI ရိုက်ထားတယ် ၊ result တော့ မရသေးဘူး ။ "

ထိုနေ့ညတွင် မိုးကလည်း တစ်ညလုံး သည်းထန်စွာ ရွာသွန်းနေခဲ့သလို ၊ မိုးသံနှင့်အပြိုင် အော်ငိုနေသော နှလုံးသားတစ်ခုလည်း ရှိခဲ့သည် ။

-

နဖူးဆီမှ စပ်ဖျဉ်းဖျဉ်း ခံစားချက်ကြောင့် လေးလံနေသော မျက်လုံးများကို ဖွင့်လိုက်သည် ။ တောင်ပေါ်မှ ပြုတ်ကျထားသကဲ့သို့ တစ်ကိုယ်လုံး နာကျင်နေရသည် ။ ညာဘက်လက်သည်လည်း လှုပ်၍ပင်မရ ။

" သမီး ၊ နွေဦးလေး "

" ဒယ်ဒီ "

ဖခင်ဖြစ်သူ၏ အသံကို ကြားတော့ လုံခြုံသည်ဟူသော အသိစိတ်က ဝင်လာသည် ။

" နွေ လှုပ်လို့မရဘူး "

ခေါင်းရင်းဘက်ဆီမှ တီခနဲ အသံကို ကြားလိုက်ရသည် ။ ဆရာဝန်ခေါ်လိုက်ခြင်း ဖြစ်မည် ။

Once Upon On UsWhere stories live. Discover now