" ဟေ့ defid ပြင်ပေးလိုက်လေ ၊ ဘာလုပ်နေကြတာလဲ ။ ဒုက္ခပဲ "

ထိုအခါမှ defid တစ်ခုက လက်ထဲ ရောက်လာတော့သည် ။

" 100 "
" 1 2 3 လွှတ် "

နှလုံးခုန်နှုန်းမှာ ပြန်တက်လာသည် ။ သို့သော် ခဏတာသာ အလုပ်ဖြစ်ပြီး ပြန်ကျသွားသည် ။

" 150 တင် "
" 1 2 3 လွှတ် "

ယခုတစ်ခါတော့ ပြန်ကျမသွားတော့ ။ defid ကို ပစ်ချကာဖြင့် ရင်ဘတ်ပေါ် လက်တင်ကာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ရတော့သည် ။ မော်နီတာမှ မျဉ်း၏ အနိမ့်အမြင့်က ပုံမှန် ဖြစ်လာသော အချိန်မှ လက်ကို လွှတ်လိုက်သည် ။ နှိုင်းသည်လည်း အတော်ကို မောဟိုက်နေလေပြီ ။

" လောလောဆယ် ပြင်ပဒဏ်ရာတွေကို အရင်စမ်းသပ်မယ် ၊ CT ရိုက်ဖို့လည်း ပြင်ပေးကြပါ ။ "

ရုတ်ရုတ်သည်းသည်းအခြေအနေကို ကျော်ဖြတ်ပြီးနောက် နွေကန္တာဦးသည်လည်း လူနာခန်းအတွင်းရောက်သွားတော့သည် ။

" သူငယ်ချင်းလား "

နေသူရာအားခေါ်ဆိုထားပြီး လူနာဆောင် အပြင်ဘက်တွင် ထိုင်နေစဉ် နှိုင်းကို ဝင်ခွင့်ပေးခဲ့သူက အနားရောက်လာသည် ။

" အင်း ဟုတ်တယ် ၊ ဝင်ခွင့်ပေးလို့ ကျေးဇူးပါပဲ "

" ဒေါက်တာ နှိုင်းမခရဲ့ အရည်အချင်းကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရခဲ့လို့ ငါက ပိုပြီး ကျေးဇူးတင်ရမှာပါ ။ "

" အစ်မ "

ကြားလိုက်ရသော နာမ်စားကြောင့် ချက်ချင်းမတ်တပ်ထရပ်မိသည် ။

" လွန်းငယ် "

" အစ်မ ဘာဖြစ်သွားသေးလဲဟင် ၊ ဘယ်နေရာထိသွားလဲ ။ "

လွန်းက နှိုင်း၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရှုကာဖြင့် ပြာပြာသလဲ မေးတော့သည် ။

" အစ်မ ဘာမှ မဖြစ်ပါဘူး ကလေးရဲ့ "

" သွေးတွေ ! "

နှိုင်း၏ အင်္ကျီတွင် စွန်းထင်းနေသော သွေးကွက်များကို ကြည့်ကာဖြင့် လွန်းမှာ မျက်ရည်ဝဲလာရသည် ။

" အာ ဒါ ကန္တာ့သွေးတွေ "

" သူရော ဘယ်လိုနေသေးလဲဟင် "

Once Upon On UsWhere stories live. Discover now