”ဘယ်သူ့အိမ်သွားမလည်း”
”တရုတ်တင်လုံးအိမ်သွားမယ်..အဲ့မှာကြက်လည်းပေါတယ်ဘူးသီးလည်းပေါတယ်”
”ဖြစ်ပါ့မလားမောင်ရဲ့အဲ့မိန်းမကဥစ္စာခြောက်ရယ်၊မအိပ်လောက်သေးဘူး”
”ဒီနေ့သူမရှိဘူးအဝင်းလုံးရဲ့..ဟိုဘက်ရွာကအလှူညအိပ်သွားတယ်..မောင်သေချာစုံစမ်းပြီးသား”
ထက်ရှားအပြောကြောင့်ရွာသားပြုံးမိသွားသည်၊သူများကိုဒုက္ခပေးရမယ်ဆိုနှစ်ယောက်မရှိ..အဲ့လေသူရောဆိုနှစ်ယောက်ပေါ့..သုံးယောက်မရှိဘူးလို့ပြောရမှာ။
လအလင်းရောင်နဲ့ပဲရွာတောင်ပိုင်းသို့ခပ်သုတ်သုတ်လေးသွားလိုက်ကြသည်၊တရုတ်တင်လုံးအိမ်နားရောက်သည်နဲ့ခြံစည်းရိုးတစ်ပတ်ပတ်ကြည့်လိုက်သည်၊နေတော့တာတိုက်နဲ့ခြံစည်းရိုးကျကန်တာပင်(ကန္တာရပင်)ကဆူးများတဲ့ကန်တာခက်သာအုပ်ထားတာကြောင့်ဖြစ်သည်၊နောက်ဖေးတည်းတည့်ရောက်တော့တွေ့ပါပြီ၊ပါးနေတဲ့ခြံစည်းရိုး..အဲ့ဒါကြောင့်ရွာငယ်နဲ့မောင်လည်းအဲ့ကနေသာဝင်လိုက်ကြသည်၊ဟိုကြည့်သည်ချောင်းနဲ့ကပ်လာခဲ့ရာကြက်အိပ်တန်းသို့ရောက်လာတော့သည်၊၊
”မောင်...ကြက်မသားစားမလား၊ကြက်ဖသားစားမလား”
မေးနေပုံကသူ့ကိုယ်ပိုင်ကြက်ပဲချက်ကျွေးမဲ့လေသံနဲ့မို့ရှားရယ်လိုက်မိသည်။
”ကြက်ဖသား..”
”အိုကီ”
ပြောပြီးတာနဲ့ကြက်နီဖကြီးခြေထောက်ကိုလှမ်းဆွဲလိုက်တဲ့အဝင်းလုံး၊ကြက်ကရုတ်တရက်မို့လန့်ကာအော်တော့သည်။
„ကတော်..ကတော်..အ.အ”
”ကယ်တော်မနေနဲ့၊ငါ့လက်ထဲကမလွတ်ပါဘူး..ဟား.ဟား.
ဟား..ဗိုလ်အောင်ဒင်လေသံဖြင့်”ကြက်ကိုစကားပြောနေတဲ့အဝင်းလုံးကြောင့်အသံတိတ်သာရယ်မိတော့သည်၊အရူးစိတ်ချမ်းသာပြီးတာပဲ။
”ကွတ်.ကွတ်..ကတော်..ကတော်”
”ကယ်တော်မနေဘူး.၊ဒါပဲရမယ်..”
”ဒုတ်..ဒုတ်..ဒုတ်...”
အတောင်နှစ်ဖက်ကိုနောက်ပြန်လှန်ကာကျောကုန်းအားလက်ဝါးဆောင်းဖြင့်သုံးချက်ဆင့်ရိုက်လိုက်တော့အသံမထွက်နိုင်ဘဲသည်းသွားတဲ့ကတော်ကောင်၊အော်ပါအုံး..ကယ်ပါလို့..ဟွင့်။
”လာ.
ဘူးသီးသွားစွတ်မယ်”...အင့်..
ကြက်ကြီးပစ်ပေးလို့ရှေ့ကနေ့ကော့ပက်ကော့ပက်နဲ့ထွက်သွားတဲ့အဝင်းလုံးနောက်ကြက်ဆွဲလို့လိုက်ရပြသည်။
”ဒီဘူးသီးကနုတယ်..ဒါလေးခူးရအောင်”
”အဝင်းလုံးသဘော..”
”ဟီး..ပြန်ကြမယ်..လက်စ်ဂိုး”
ပြုံးပျော်နေတဲ့အဝင်းလုံးကိုကြည့်ပြီးသူသည်လည်းအပျော်တွေကူးစက်ရပါသည်။
.................
”ကောင်းလားမင်းတို့လုပ်ပုံ”
”ကောင်းပါတယ်”
”ဘာကွ..”
ထိပ်တုံးခတ်ခံထားရတဲ့ရှားစကားကြောင့်သူကြီးဦးသာရှားအော်လိုက်မိသည်၊ဘယ့်နှယ့်သူများကြက်နဲ့ဘူးသီးခိုးတာအားမရလို့ထန်းရေပါခိုးသတဲ့၊ခိုးပြီးဝေးဝေးလန်လန်မှာသွားသောက်တာတောင်မဟုတ်ဘူး၊ထန်းတောပိုင်ရှင်ဝက်ကြီးတောမှာတင်ပက်လက်လဲတဲ့အထိသောက်ကျသည်တဲဲဲ့မသိရင်ပိုက်ဆံပေးဝယ်သောက်တဲ့ပုံစံနဲ့၊၊
”ဖေကြီးကမပါတော့ဘယ်သိမလည်း၊ကြက်သားကာလသားဟင်းစားလိုက်၊ထန်းရည်လေးသောက်လိုက်နဲ့၊ဘယ်လောက်ကောင်းမယ်ဆိုတာတွေးကြည့်လေဖေကြီးရာ”
အာပေါင်အာရင်းသန်သန်နဲ့ပြောနေတဲ့ရွာသားငယ်ကဖြစ်နိုင်ရင်သူကြီးပါခိုးဖော်ခိုးဖက်ဖြစ်စေချင်ပုံ။သူကြီးသည်လည်းမတော်ရသေးတဲ့သားမက်ကိုကြည့်ပြီးအနာဂတ်အတွက်တွေးတောင်မတွေးဝံ့ပေ၊သမက်ကနန့်နန့်လူး၊သားဖြစ်သူကရုပ်တည်ကြီးနဲ့ရောပြီးအလိုလိုက်ပြီးနန့်တတ်သေးသည်၊ဒီနှစ်ကောင်ကိုပေးစါးဖို့ကတိထားခဲ့မိတာမဟာအမှား၊အာဂအမှားဆိုတာအချိန်နှောင်းမှသိခဲ့ရပြီဖြစ်သည်၊မှားလေခြင်း.....ဗြဲ။
စိတ်တွင်းကြိတ်ငိုနေတဲ့သူကြီးကအပြင်တွင်တော့ဟန်မပျက်ပေ။
”တရုတ်မကအလျော်တောင်းနေတယ်”
”ဟမ်...ဘာဖိုးတုန်းဖေကြီးရဲ့သားတို့နှစ်ယောက်လုံးသူ့စီကပိုက်ပိုက်မချေးဖူးဘူး....နောမောင်ရယ်”
”ဟုတ်တယ်”
”ဒီနွားနှစ်ကောင်!!!!!”
အဖြူထည်ရုပ်နဲ့ဟန်လုပ်နေတဲ့နှစ်ကောင်လုံးကိုဦးသာရှားထမကန်မိအောင်မနည်းထိန်းနေရတယ်၊ပြောတတ်လိုက်တာခိုးထားတာသူတို့မဟုတ်သလိုပဲ။
YOU ARE READING
အပျိုချောရွာရဲ့အရှုပ်တော်ပုံကြီး(ongoing)
Romanceရွာနာမည်ကအပျိုချော...အချောတွေပေါသလောက်အရှုပ်တွေရမယ်.... ၏ficအတွင်းပါဝင်သောအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်ပါသည်၊မည်သည့်တစ်စုံတစ်ရာမှကူးယူထားခြင်းမရှိပါ start date (11.7.2022) fic photo (crd)
ကယ်မနေဘူး
Start from the beginning