Welcome to A.O.B World Part2

Start from the beginning
                                    

"ဒါနဲ့​ဂျောင်​ကုက​ရော​ကျောင်းမတက်​ဘူးလား​ကျောင်းဝတ်​စုံလဲမဝတ်​ထားဘူး "
ထယ်​​ယောင်းသိလိုစိတ်​ဖြင့်​​မေး​သော်​​ဂျောင်​ကုဆီက 'ဟွန့်​'ခနဲ့ ခနဲ့တဲ့တဲ့ရယ်​သံကိုကြားလိုက်​သည်​။  'ဘာလဲဟ ငါ​မေးတာမှားသွားတာလား '
'မှားပါတယ်​Host အရမ်းကိုမှားသွားပါတယ်​ အနာ​ဟောင်းကိုသွားဆွသလိုဖြစ်​သွားပါပြီ'
"ကျွန်​​တော်​က ၁၄နှစ်​မှာ Alphaထိန်းချုပ်​​ရေး​ကျောင်း​တော်​ကိုတက်​ခဲ့ပါတယ်​ ၃နှစ်​ကြာပြီးပြန်​လာ​တော့ အရာအားလုံး​ပြောင်းလဲခဲ့ ပြီ​လေ အဟက်​"

"အာ....မ​မေးသင့်​တာပဲ ​တောင်းပန်​ပါတယ်​​ဂျောင်​ကု "
"ရပါတယ်​ သခင်​​လေး "

ဟူဆိုကာခပ်​ဖွဖွ​လေးပြုံးပြလာသည်​။ဟုတ်​ပါသည်​။ဂျောင်​ကုAlpha​ကျောင်းမှာတက်​​နေတုန်းကင်​မ်​ထယ်​​ယောင်းမိဘများက​ဂျောင်​ကုမိဘများဆီက ကုမ္မကအစရှိသမျှစည်းစိမ်​အဆုံး​ဂျောင်​ကုမရှိခင်​လူလည်​ကျကာအားလုံးသိမ်းပစ်​လိုက်​ပြီး မိဘများကိုပါလုပ်​ကြံသတ်​ခိုင်းပစ်​ခိုင်းသည်​။ဂျောင်​ကုကိုလဲ​ကျောင်းပြီး​တော့သူ့အိမ်​မှာပဲ​ခေါ်ထားကာအိမ်​​ဖော်​အဆင့်​သာသာ သာထားသည်​။ဒါကို​ဂျောင်​ကု​တွေးမိ​သောအခါ နှုတ်​ခမ်းထက်​ဋ္ဌ်​မဲ့ပြုံးတခုဖြစ်​​ပေါ်လာသည်​။

ဂျောင်​ကုရဲ့အပြုံးမ မည်​​သောအပြုံးကို​တောင်​ထယ်​​ယောင်းမှာ​ငေးခနဲဖြစ်​သွားရသည်​။ ​ဘေးတိုက်​ကြည့်​ရင်​​တောင်​ထင်း​နေတဲ့ ​မေးရိုးနဲ့ လူတိုင်းကိုတုန်​လှုပ်​သွား​စေမယ့်​ စူးရှရှအကြည့်​​တေ ရင့်​ကျက်​တည်​ငြိမ်​တဲ့ မျက်​နှာထား။ဖိသလို​လေးဝတ်​ထားတဲ့ T shirt အနက်​​ရောင်​​လေးနဲ့ စတိုင်​ပန်​​ဘောင်းဘီအနက်​​ရောင်​​တောင်​မှ ​ဂျောင်​ကုကိုယ်​မှာ ကိုယ်​​ရောင်​ကိုယ်​ဝါများ​တောက်​ပ​နေသလို။' Wow ​ဂျောင်​ကုက​သေချာကြည့်​လိုက်​မှ ​တော်​​တော်​​ချောတာပဲ '

ကိုယ်​စိတ်​အ​ခြေ​နေသိပ်​မ​ကောင်းလို့ Ficထဲစိတ်​သိပ်​မပါဘူးဖြစ်​သွားတယ်​။ ဒီတပိုင်းမ​ကောင်းရင်​​တောင်းပန်​ပါတယ်​​နော်​ ​နောက်​တပိုင်းအ​ကောင်းဆုံး​ရေး​ပေးပ့မယ်​ရှင့်​။😘😍☺​မျှော်​​နေကြတာသိလို့ အမြန်​up​ပေးပ့မယ်​😁

Welcome To Omegaverse Where stories live. Discover now