အခန်း ၄

Start from the beginning
                                    

"ဘာဖြစ်လို့လဲ"

"ဘာလဲ မသိဘူး"

နေ အမေးကို ချမ်း ထိုအရာကိုဆွဲယူကြည့်လိုက်ခြင်းဖြင့်ပြန်ဖြေသည်။အထုပ်သေးလေးတွေသုံးလေးခုအတွဲလေးဖြစ်သည်။

"အာ..အဲဒါ လွှင့်ပစ်လိုက်"

နေ့ ထံမှစကားသံထွက်ပေါ်လာသည်။ချမ်း မျက်ခုံးလေးရှုံ့ကာ အထုပ်တွဲလေးကိုသေချာကြည့်သည်။ကွန်ဒုံး!ချမ်း မျက်လုံးလေးပြူးကာ ထိုအရာကိုအမြန်လွှတ်ချပစ်သည်။ဒီနေရာမှာ ဘယ်သူက မသုံးရသေးတဲ့ကွန်ဒုံးအသစ်တွေကိုအတွဲလိုက် လာချထားရတာလဲ။

"ဒီနေရာက အတွဲတွေအလာများတယ်..အဲဒါကြောင့်.."

"‌ဟင်..အင်း"

ကွန်ဒုံးတွေ့ကာ မျက်နှာလေးနီသွားသောကောင်လေးကြောင့် နေ ရယ်ချင်သွားကာ ပြောလိုက်တော့ ခေါင်းလေးငြိမ့်သည်။

"ဟို အောက်နားမှာ ဂူလေးရှိတယ် တွေ့လား"

နေက အောက်ဘက်နားက ဂူလေးကိုညွှန်ပြပြောလိုက်တော့မှ ခေါင်းလေးထောင်ကြည့်သည်။ကုန်းဆင်းပြေပြေလေးမို့ အောက်ကိုဆင်းရတာ သိပ်မခက်ပေ။ဂူ လေး ထဲဝင်လိုက်ရင် ဟိုဘက်ထွက်ပေါက်က ပန်းခင်းထဲသို့ရောက်သည်။တောတွင်းကျသည့် နေရာမို့ သာယာပေမဲ့ မြေပြင်တွင် အမှိုက်စတွေတော့ ရှိသည်။

"အဲဒီဂူက ဘာအတွက်လုပ်ထားတာလဲ"

"ဒီနေရာက အရင်က နန်းတော်နယ်မြေတစ်ခုလေ..မင်းသမီးတစ်ပါးက သူချစ်သူ့ သူဆင်းရဲသား ‌နဲ့တွေ့ဆုံဖို့ လျှိူ့ဝှက်တည်ဆောက်ခဲ့တာလို့ ပြောကြတာပဲ"

နေ ပြောပြတော့ ချမ်းက စိတ်ဝင်တစားနားထောင်သည်။

"အစ်ကိုက ဘာရေမွှေးသုံးလို့ အဲလောက်တောင် မွှေးနေရတာလဲ"

"ဟင်"

ရုတ် တရက်နေ့စကားကြောင့် ချမ်း မျက်နှာလေးမော့လာသည်။ချမ်း ကို စူးစိုက်ကြည့်နေသော ရွှန်းရွှန်းစားစားအကြည့်တွေ။ချမ်း ရင်ခုန်သံတွေမြန်လာရင်း အကြည့်မြန်မြန်လွှဲမိကာ...

"ကျွန်..ကျွန်တော်ကရေမွှေးမသုံးဘူး...နေ lotion နံ့ရနေတာ ထင်တယ်"

Falling In Love With My Husband.On viuen les histories. Descobreix ara