အခန်း ၁

Start from the beginning
                                    

"အဟိ..ချောတယ်တော့."

အိပ်‌ငိုက်နေသော နေ့ကိုချောင်းကြည့်ရင်းမစံပယ် သဘောတွေကျကာ တဟိဟိဖြစ်သည်။ထိုကောင်လေးက နည်းနည်းဆိုးကာ ပွေတတ်ရှုပ်တတ်ရည်းစားများသည်လို့ ကြားဖူး ပေမဲ့ စံပယ် သဘောမကျပဲမနေနိုင်။ငယ်သေးလို့ ကောင်လေးကဆိုးတာပဲမဟုတ်ဘူးလား။

"ဟဲ့..စံပယ် ဘာလုပ်နေတာလဲ ညည်းက ..ထမင်းမချက်ပဲ"

"အမေ့!.အဲ ..အမေ"

နောက်က မိခင်ဖြစ်သူက ခြံစပ်နားကုပ်ချောင်းကုပ်ချောင်းဖြစ်နေသော စံပယ်နားရောက်လာကာ ပခုံးအားဖြန်းခနဲရိုက်ရင်း မေးလိုက်သဖြင့် စံပယ်လန့်သွားရသည်။

"အဟင်း!အဟင်း!ငါသိတယ်နော် မိစံပယ် ညည်း.."

"အမေကလည်း မဟုတ်ပါဘူး.. ကျူပ်က ဒီမှာခြံတန်းက ဟင်းညိုရွက်လာခူးတာပါ"

ဆူဆူညံညံအသံတွေကြောင့် နေ အိပ်ငိုက်နေရာကနေဆတ်ခနဲ‌‌နိုးလာရသည်။ဒေါ်ငွေခင်ကလည်း အသံတွေကြောင့်အိမ်ရှေ့ထွက်လာရာ စဉ့်အိုးကြီးဖက်ကာ အိပ်ငိုက်နေသောသားတော်မောင်ဖြစ်သူကိုတွေ့လိုက်သဖြင့်..

"နေမင်းတာရာ!!!"

"ဗျာ!အမေ ကျွန်တော်မျက်နှာသစ်နေတယ်လေ"

"နင် .နင် ငုတ်တုတ်ငိုက်နေရသလား ခွေးကောင်လေး !!"

"အမေ ..လွန်မယ်နော် မလုပ်နဲ့"

ဒေါ်ငွေခင်ကရရာတုတ်ဆွဲရင်း နေ့နားရောက်လာသဖြင့် နေက အရပ်ကြီးကလန့်ကလားနဲ့ ခြံထဲပတ်ပြေးသည်။

"ဟိ..ကလေးလေးကျနေတာပဲ"

"အံမယ်..အံမယ် မိစံပယ် အိမ်ထဲဝင်!ထမင်းချက်ဖို့ပြင် ဘယ်နှယ့်တော် အပျိူက လူပျိူငမ်းရသလို့..ကျူပ်တို့ခေတ်နဲ့များကွာပါ့"

‌အမေရယ် မိန်းကလေးကယောကျာ်းလေးငမ်းတာပဲအဆန်းလုပ်လို့။ဒီခေတ်ကြီးမှာ ယောကျာ်းအချင်းချင်းတောင်ချစ်ကြ၊ကြိုက်ကြ၊ယူကြသေးတာပဲ။မိခင်ဖြစ်သူရဲ့စကားကို စံပယ်စိတ်ထဲကပြန်လည်ချေပကာ ဆန်စကောပြန်မ ရင်း အိမ်ထဲဝင်သွား‌ပေသည်။

"အစ်မ ကျွန်တော့်ကိုကယ်ပါအုံး"

ဈေးခြင်းတောင်းဆွဲပြန်လာသော အစ်မဖြစ်သူကိုမြင်လိုက်သည်နဲ့ နေက အစ်မနောက်ဝင်ပုန်းသည်။

Falling In Love With My Husband.Where stories live. Discover now