Part20 (ဇာတ်သိမ်းပိုင်း)

Start from the beginning
                                    

ကျောင်းစတက်ကတည်းကအိမ်ကိုကောင်မလေးတွေလာလိုက်ကြတာခေတ်လန့်ပင်လန့်သည်။လူကြီးကတော့ဖြစ်ရိုးဖြစ်စဥ်ဘဲဆိုပြီးလွှတ်ထားလေသည် အငယ်ကောင်ကိုလဲအဲ့လိုဘဲလွှတ်ထားတာလေ အခုများတော့ခွေးမဖြစ်ရုံဘဲ။

" လီးဘဲ!!! "

ကြားလိုက်ရတဲ့ခြံပေါက်ဝကဆဲသံကြောင့်နွယ်ကောခေတ်ကောသက်ပြင်းချမိသည်။

" ဟဲ့ဟိုနွားလာအုံး..."

ခေတ်ခြံဝကအုပ်ကြားမြက်ပေါက်အားလက်ယက်ခေါ်လိုက်တော့အနားကိုရောက်လာတာကြောင့်ခေါင်းကိုပိတ်ခေါက်ပေးလိုက်သည်။သူလဲအရင်က သားငယ်ကိုအလိုလိုက်ခဲ့ပေမဲ့အရမ်းကိုဆိုးလာတာကြောင့်ဘီလူးလိုသရဲလိုလုပ်ပြနေရခြင်း။

" ပါးပါးနာတယ်နော်..."

" မင်းကိုဘာပြောထားလဲ ဟမ်!!! ဒီနားကနားကပ်တွေမင်းဖြုတ်မလားငါကိုယ်တိုင်ဖြုတ်ပေးရမလား..."

" မလုပ်နဲ့နော် ဒယ်ဒီတောင်ဘာမှမပြောဘူးပါးပါး..."

ခေတ်အပြောကြောင့်နားကနားကပ်တွေကိုလက်ဖြင့်အုပ်လို့ဆူပုတ်ပုတ်ဖြင့်ဆိုလာသည့်သားဆိုင်းဟာတကယ့်လူဆိုးပေါက်စ။

" ကောင်းပြီလေမဖြုတ်နဲ့ မင်းကငါ့စကားဆိုနာမထောင်ဘူး..."

" ဒုန်းးး "

ဆောင့်ကြီးအောင့်ကြီးဖြင့်ပန်းအိုးအားဆောင့်ကန်ကာအိမ်ထဲဝင်သွားတဲ့ပါးပါးအားကြည့်ကာနွယ်ကောဆိုင်းကောတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသည်။ပါးပါးကအခုဆို၂၄နှစ်ရှိပြီ တကယ့်ကိုကလေးအတိုင်းဘဲ။

" တွေ့လားပါးပါးစိတ်ဆိုးသွားပြီ...ဒါတောင်မင်းကမချွတ်သေးဘူးလား..."

နွယ်မျက်မှောင်တွေကျုံ့လို့သူနဲ့အရပ်အမောင်းတပြေးညီတဲ့ညီဖြစ်သူအားပြောလိုက်တော့ဆူပုတ်သွားလေသည်။ဒီကောင်အသက် ၁၅နှစ်ရှိနေပြီ ဘာကြောင့်လဲတော့မသိဘူးအရင်ကနွယ့်ရဲ့ပုခုံးလောက်ဘဲရှိတာအခုတော့နွယ့်အရပ်နဲ့မတိမ်းမယိမ်းပင်ဖြစ်လာလေသည်။ပိုလဲအားသန်လာတယ်ပိုလဲဆိုးလာတယ်။ရန်ပွဲဆိုပါးပါးမသိအောင်ဒယ်ဒီကရှင်းပေးတာကြောင့်ဆိုင်းဟာထိန်းမရသိမ်းမရ...ဆိုးတာဘဲရှိပေမဲ့ဟိုလိုပေါက်လွတ်ပဲစားတွေလိုဘိန်းတွေဘာတွေတော့မသုံး။သုံးလဲပါးပါးရိုက်ရင်ဒီကောင်သေပြီ...

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now