"ငါပြောတာကြားလား၊နင်သူ့ကိုမေ့ပစ်ရမယ်ဟ၊
သူက အခုသေမိန့်ကျပြီးသား။ငါပြောတာနင်
သဘောပေါက်တယ်ဟုတ်....နင်ကောင်းကောင်း
မွန်မွန်အသက်ရှင်ပြီးလူတွေကိုသူ့အကြောင်းပြော
ပြနိုင်ရမယ်။သူ့အသက်နဲ့ရင်းခဲ့တဲ့တိုင်းပြည်သစ်
ကြီးပေါ်ပေါက်လာတဲ့အခါ လူတွေအားလုံးဂျောင်
ကုကိုကျေးဇူးတင်ကြောင်းပြောလိမ့်မယ်။နင်
ကသူဖန်တီးပေးတဲ့နေ့သစ်လေးကိုအကျိုးရှိရှိ
အသုံးချပေးရုံပဲ...သူ့ကိုနောက်ဆံတင်းအောင်
မလုပ်စမ်းပါနဲ့ကိုကို။သူကအဲ့အဆုံးသတ်ကို
နင့်ထက်ပိုသိပြီးသားပါ..."

တရူံ့ရူံ့ငိုနသောထယ်ယောင်းကိုယ်လုံးလေးကို
ပွေ့ဖက်နှစ်သိမ့်ရုံကလွဲဘာမှမတတ်နိုင်။ပြသနာ
တွေဒီထက်ပိုကြီးမထွားလာအောင်အဖေနဲ့အမေ
ကိုလည်းမသိစေချင်။သိသွားရင်...အစ်ကိုကိုခွင့်
လွှတ်ပါ့မလား။မခွင့်လွှတ်ရင်တောင်နာကျင်စေ
ဥိးမည်မို့ဒီအတိုင်းလေးသာအရာအားလုံးပြီးသွား
စေချင်ပါသည်။

"ငါ..သူ့ကိုချစ်တယ်...ဟယ်ဝန်း"

"ငါသိတယ်...ငါသိတယ်လို့"

"လွယ်လွယ်နဲ့မေ့လို့ရမှတော့အချစ်လို့ဘယ်
ခေါ်ပါ့မလဲ၊တစ်ခြားကွေကွင်းခြင်းဆိုရင်တောင်
ငါခံသာသေးတယ်၊အခုဟာက...ငါချစ်တဲ့လူတစ်
ယောက်လုံးကြိုးစင်တက်ရမှာ၊ငါရူးသွားလိမ့်
မယ်.. ဟယ်ဝန်း"

ဟယ်ဝန်း ထပ်ပြီးနှစ်သိမ့်မနေတတ်တော့။ သူ(မ)
လည်းတစ်ခါမှအချစ်ကိုမခံစားဖူး။ချစ်ခြင်းက
ဒီလောက်ထိပူလောင်စေရင်ဘယ်သောအခုမှ
အချစ်အားထိတွေ့ဖို့စိတ်ကူးမရှိတော့ပါ။အစ်ကို
လုပ်သူအား နှစ်သိမ့်ဖေးမရင်းထိုညအားကုန်လွန်
စေခဲ့သည်။မနက်မိုးလင်းမှမှေးကနဲထယ်ယောင်း
ပြန်အိပ်သွားမှအခန်းထဲကထွက်လာခဲ့တော့၏ ။

မနက်ခင်းနေရောင်ပျိုပျို့သည်လွမ်းမောဖို့ကောင်း
ပြန်၏ ။ငှက်ကလေးတွေသည်ယနေ့ကျမှသီချင်း
မဆို။အရာအားလုံးဆိတ်ငြိမ်နေပြီးထိုဆိတ်ငြိမ်
မူ့ကြီးက အေးချမ်းမူ့မရှိတဲ့အပြင်ခြောက်ခြား
ဖို့ပင်ကောင်းသေး၏ ။ မေကြီးမေးလျှင်အစ်ကို
နေမကောင်းလို့နားနေသည်ကလွဲဘာမှမပြောဖြစ်။တော်သေးသည်က...အခုချိန်ထိ လက်ရှိအစိုးရက
ဂျွန်ဂျောင်ကုအားဖမ်းမမိခြင်းပင်။

1920 (Completed) Donde viven las historias. Descúbrelo ahora