ဘယ်ဘက်လက်ရှိ ​​ဆွေး​မြေ့နေပြီဖြစ်လို့ချည်မျှင် ပြတ်စလေးတွေထွက်နေပြီး အနီရောင်ကိုမှ အရောင်ကျွတ်ကာ ပန်းနုရောင်ပြောင်းနေသည့် လက်ပတ်လေးနှင့် ညာဘက်လက်ရှိ မှန်ပြင်မှာ ခြစ်ရာလေးတွေ ဗရပွနဲ့ နာရီလေးတစ်ခုကမောင့်လက်လေး​ ပေါ် မှာ အသီးသီးနေရာယူခဲ့ကြတာ နှစ်နှစ်ပင်ကျော်ခဲ့ပေါ့..မောင်ရယ်အစွဲအလမ်းကြီးလိုက်တာ..

"ဆူးနဲ့ပါတ်သက်တဲ့ အမှတ်တရတွေအကုန်လုံးကိုမောင်သိမ်းထားမှာဆူးနဲ့ပါတ်သက်လာရင် ​ဟောင်းသွားတယ် ဆိုတာမျိုး မရှိဘူး"

"ဟင်းးငါ တကယ်ကောင်းတဲ့လူကိုရထားတာပဲ"

"အဲဒီလူက စိတ်ပျက်စရာ ကောင်းအောင်လည်းနေတတ်တယ် ဆူးကသည်းခံပေး"

ဆူးရဲ့မောင်ကလေ အဲဒီလို မထိတထိပြောရတာကိုလည်းအတော့သဘောခွေ့ပုံပါပဲ ဒါပေမယ့် မလုံမလဲဖြစ်ရသူ ဆူးကပဲ စကားလွှဲရသည်

"အင်းးးအခုသောက်ပြီးပြီမလား ပြန်သွားအိပ်ရအောင်"

"အင်း မောင်ပြောစရာ ရှိတာပဲ မနက်မှပြောတော့မယ်"
ဆူးလည်းခေါင်းငြိမ့်ပြလိုက်ပြီး အပေါ်သို့်တက်လာလိုက်သည် မောင်ကလည်းဆူးနောက် မလှမ်းမကမ်းမှလိုက်လာသည် အခန်းထဲရောက်တော့ နှစ်ယောက်သား ဘာစကားမှ မပြောကြတော့ပါဘဲ အိပ်ယာဝင်လိုက်ကြသည်..

အတော်အတန်ကြာသည်အထိ ဆူးအိပ်မပျော်ပါ အိပ်ချင်နေပေမယ့်အိပ်မရတာပါ ဘာလို့ဆို ဘေးက လူက တလှုပ်လှုပ်နဲ့ သက်ပြင်းရှည်တွေချလိုက် ဟိုလှည့်ဒီလှည့်လုပ်နေတာကို.. ကြည့်ရတာ မောင်အိပ်လို့မပျော်ဘူးထင်ပါရဲ့ အမြဲတမ်းဆူးကို *လူတစ်ယောက်ရဲ့အိပ်ချိန်က အနည်းဆုံး8နာရီရှိရတယ် ဒါမှကျန်းမာရေးကောင်းပြီး  cellsတွေပုံမှန်လည်ပတ်လိမ့်မယ် ဒါ​ကြောင့်မောင့်ဆူးက 8နာရီကျော်ချင်ကျော်ပလေ့စေ 8နာရီပြည့်အောင်တော့အိပ်ရမယ် " ဆိုပြီး ဆူးအိပ်ယာဝင် နောက်ကျတိုင်းပြောပြောတတ်တဲ့မောင်က သူကိုယ်တိုင်ရော အိပ်ရေးတွေပျက်နေတာ ဘာအကြောင်းကြောင့်ပါလိမ့်

ဆူးအိပ်မရဘူးပြောတိုင်း 'တစ် " ကနေစလို့ ဆူးမအိပ်ပျော်မချင်း ရေတွက်ကူခဲ့တဲ့မောင့်ကို ဆူးကရော ပြန်ပြီးအိပ်ပျော်အောင်ကူညီပေးရမှာလား

ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~(ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~)Where stories live. Discover now