ဖင်ခေါင်းကျယ်

12 1 0
                                        

"ဟေ့ကောင်"

"အေး ဘာတုန်း"

ကျွန်တော် ဘုတောတောနှင့် ဖြေလိုက်သည်။
မနေ့က ကိစ္စနှင့်ပတ်သတ်၍ ကျွန်တော် ဂျွန် ကို အခဲမကျေနိုင်သေး။
ဂျွန်ဆိုတာ အနောက်တိုင်းငချွတ်လေး တစ်ယောက်ဖြစ်တယ်။
သူလေ့လာနေတဲ့ ဘာသာစကားအသစ်က မြန်မာဘာသာစကားဖြစ်သည်။

မနေ့ကလည်း ကျွန်တော် သင်ပေးလိုက်တဲ့
" မင်း အသက် ဘယ်လောက်လဲ"ဆိုတဲ့ စကားကို တ သံ သ သံမကွဲဘဲနဲ့
"မင်း အတက် ဘယ်လောက်လဲ"ဆိုပြီး လူတွေကို လိုက်မေးကြည့်ပါသတဲ့။
အဲ့ဒါကို လူတွေက သူ့ရဲ့ အသံထွက်မပီတပီလေးကို သဘောတကျရယ်နေကြတာကို အိမ်ပြန်ရောက်တော့ ကျွန်တော်က သူကို စကားလုံး အမှားသင်ပေးလိုက်လို့ လူတွေက ရယ်ကြတယ်ဆိုပြီး
မိုးမွန်အောင် ဆဲပါလေရောဗျာ။
အဆဲစကားကြ တကူးတက သင်ပေးစရာကို မလိုတာဗျို့။အဲ့ဒါနဲ့ သူ့ဘာသာ ပတ်ရမ်းနေရင်း ကျွန်တော့် ခေါက်ဆွဲပြုတ်လေး မသွားတာဗျာ။ကျွန်တော်က အစားနဲ့ပတ်သတ်ရင် နည်းနည်းလေးမှ အထိခံနိုင်တာ မဟုတ်ဘူးဗျ။
အဲ့ဒါကိုသူက သိသိရက်နဲ့ လုပ်သွားတာ။
ကျွန်တော် နည်းနည်းလေးမှ မကျေနပ်ဘူး ကတောက်စ်။

"ငါ့ကို မြန်မာ နာမည် ပေး"

ခပ်တောင့်တောင့် အသံနေအသံထားနဲ့ ပြောပုံကိုက အချိုးမကျ။
တွေ့မယ် သင်း မနေ့က ခေါက်ဆွဲပြုတ်ဖိုး ပြန်ပေးဖို့ပြင်ထား။

"အင်း"

"ပေါက်ကရ မပေးနဲ့"

"အေးပါ ငါ မင်းကို ဘယ်တုန်းက ပေါက်ကရပြောဖူးလို့လဲ၊မနေ့ကလဲ ငါမှန်တာပဲကို သိရဲ့သားနဲ့ မင်း လူလည်ကျသွားတာ"

"ဟီး"

"ပြော ဘယ်လိုနာမည်လိုချင်လဲ"

"မိုက်တယ်"

"အမိုက်စား နာမည်လိုချင်တာလား"

"အွန်း အွန်း"

ခေါင်းလေးတညိမ့်ညိမ့်နဲ့ ပြန်ဖြေရှာသည်။

"ဖင်ခေါင်းကျယ်"

"what's that mean?"

"အမိုက်စား မြန်မာနာမယ်လေ"

ကျွန်တော် ခပ်တည်တည်ပဲ ပြန်ဖြေလိုက်သည်။

"ရှင်းပြပါ"

ဂျွန် ကတော့ ဒီနာမည် အသံထွက်က မြန်မာနာမည်အသံထွက်နဲ့ သိပ်မတူသလိုခံစားရပေမယ့် အမိုက်စားနာမည်ဆိုတော့ နည်းနည်းလေးတော့ ဆန်းမှာပေါ့နော့်။

A/N ပူးဝါး ဂျွန်:(

"အဟမ်း!အင်း မင်းနားလည်အောင် ငါ တစ်လုံးချင်း ရှင်းပြပေးမယ် မှတ်ထားနော်"

"အေး"

"ဖင်!ဆိုတာ..အင်း ဘယ်လိုပြောရမလဲ လျှို့ဝှက်ဆန်းကျယ်တဲ့ အရာ လို့ ပြောလို့ရတယ်"

ဖင်ဆိုသည်မှာ လျှို့ဝှက်ဆန်းကျယ်သောအရာ..

ဂျွန်ရဲ့ ခပ်သော့သော့ အင်္ဂလိပ် လက်ရေးများက မှတ်စုစာအုပ်ပေါ်သို့ ရေးမှတ်လိုက်သည်။

ကျွန်တော်ဖြင့် စာအုပ်လေး တကုပ်ကုပ်နဲ့ လိုက်မှတ်နေသော ဂျွန့်ကို ကြည့်ရင်း ပိုစချင်လာသည်။

"ခေါင်း!ဆိုတာ မြင့်မြတ်သော ထိပ်ဆုံး၌ရှိသော လို့ ပြောရမှာပေါ့"

ခေါင်း..မြင့်မြတ်သော Top

အမယ် ဒီလိုကျ ဘယ်ဆိုးတုန်း မိုက်လှချည်လား နာမည်က
ဂျွန်တစ်ယောက် ထိုနာမည်ကို အသဲစွဲဖြစ်နေပါပြီ။

"keep ပြော keep ပြော"(ဆက်ပြော ဆက်ပြော)

"ကျယ်!ဆိုတာက ကြယ်လို့ ခေါ်တယ်"

ဒီတစ်ခါတော့ ဂျွန် တစ်ယောက် နားရှုတ်သွားပါတော့သည်။

မအူမလည် မျက်လုံးလေးတွေက သူနားမလည်ဘူးဆိုပြီး ပြောပြနေသယောင်။

"ကြယ် ကြယ်ဆိုတာ Starလေ Starက ကြယ်လေ မှတ်ထား"

Woww just Woww!

ဂျွန် တစ်ယောက် သူ့နာမည်သူ အလွန် ဘဘောခွေ့နေပါသည်။

ထို့နောက် ဂျွန်က သူမှတ်ထားတဲ့ စကားလုံး အဓိပ္ပါယ်ကို ပြန်ပြောပြလေတယ်။
အသားရင့်ရောင် နှုတ်ခမ်းပါးလေးမှ ခပ်ရှရှအသံဝဲဝဲလေးဖြင့် ပြောလိုက်သည်က..

"ဖင်ခေါင်းကျယ်-လျှို့ဝှက်ဆန်းကျယ်သော အမြင့်က ကြယ်"

အပိုင်း(၁)၊ဇာတ်သိမ်း

My little art for your smile:3Stories to obsess over. Discover now