Character 1

75 7 0
                                        

ဝမ်နိုင်ငံရဲ့ နံနက်ခင်းသည် သာယာ လှပေမဲ့
ရှောင်းကျန့်အတွက်တော့ အကျည်းတန်လှသည်။

ဒီနေ့.. ဝမ်နိုင်ငံရဲ့ ဘုရင်မင်းမြတ်ဖြစ်တဲ့
ဝမ်ရိပေါ်နဲ့ ရှောင်းနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားရှောင်းကျန့်တို့
လက်ထပ်ကြတဲ့ တနေ့။

တနည်းအားဖြင့် မိဖုရားကြီးနေရာ၊
ယောကျာ်းလေးတယောက်ကို မိဖုရားတင်မြှောက်ခဲ့တဲ့ ဝမ်နိုင်ငံရဲ့ ဘုရင်မင်းမြတ်ဟာ ဘယ်လိုလူစားမျိုးလဲ
ဆိုတာ အမတ်တွေအကြား ခေါင်းခဲစရာ
ကိစ္စတခုပင်။
အနောက်နန်းဆောင်တခုလုံး မိဖုရားတွေ
မြောက်များစွာရှိပါလျက် ဘာကြောင့်များ
ယောကျာ်းလေးတယောက်ကို
မိဖုရားခေါင်အဖြစ် တင်မြှောက်ပါလိမ့်။

"ဆန့်ကျင်သူ မှန်သမျှ သတ်ပစ်စေ" ဆိုတဲ့ဘုရင့်ရဲ့တချက်လွှတ်အမိန့်တော်ကြောင့်
အမတ်တွေဟာ ဝမ်ဘုရင်ရဲ့ လုပ်ရပ်ကို
စိတ်တိုင်းမကျပေမဲ့ တစ်ခွန်းတောင်
မဟရဲကြပေ။

"ဧကရီ ကြွချီလာပါပြီ"

အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ပဝါစအနီကို ခေါင်းဆောင်းထားလျက် တလှမ်းချင်းဆီ လျှောက်လာတဲ့
ရှောင်းကျန့်။
ရှောင်းကျန့် လှေကားတထစ်ချင်းစီ တက်လာတာနဲ့အမျှ
ရဲရဲတောက် အနီရောင် မင်္ဂလာဝတ်စုံကို
ဝတ်ဆင်ထားပြီး ကျေနပ်တဲ့အပြုံးတွေနဲ့
ဝမ်ရိပေါ်ကို
တွေ့လိုက်ရသည်။

ပဝါအောက်က မင်းရဲ့မျက်ဝန်းတစုံဟာ
အသက်မဲ့နေမလားဆိုတာ ငါစိုးရိမ်မိတယ်
ရှောင်းကျန့်။

ဘုရင်တပါးရဲ့ မင်္ဂလာအခမ်းအနားဖြစ်တာနဲ့အညီ
ခမ်းနားကြီးကျယ်လှပေသည်။

"မိုးမြေကို ကန်တော့ပါ"

"ဘိုးဘွားတွေကို ကန်တော့ပါ"

"ဇနီးမောင်နှံအချင်းချင်း ကန်တော့ပါ"

လက်နှစ်ဖက်ယှက်လျက် နှစ်ယောက်
မျက်နှာချင်းဆိုင် ဂါဝရ ပြုလိုက်ပေမဲ့
မျက်နှာတွေက အပြုံးအရယ်မဲ့လျက်။

"မင်္ဂလာပွဲ အခမ်းအနား အောင်မြင်စွာ
ပြီးဆုံးပါပြီ"ဆိုတဲ့ အသံနဲ့အတူ
မှူးမတ်တွေနဲ့ နန်းတွင်းရှိလက်အောက်ငယ်သားအားလုံးရဲ့ ဂါဝရပြုသံဟာ ကျယ်လောင်စွာ
ထွက်ပေါ်လာသည်။

You've reached the end of published parts.

⏰ Last updated: Oct 31, 2022 ⏰

Add this story to your Library to get notified about new parts!

My beloved prisoner Where stories live. Discover now