ကိုကိုပေးတဲ့ခေါင်းစည်းကြိုး

39 6 3
                                    

ကိုကိုပေးတဲ့ ခေါင်းစည်းကြိုး

မြတ်နိုးရတဲ့အထဲမှာ
ငါးရာတန် ခေါင်းစည်းကြိုးလေးက
ထိပ်ဆုံးက ပါနေခဲ့တယ်

ဒီခေါင်းစည်းကြိုးလေးကြောင့်
ဒဏ်ရာတွေ အများကြီးရခဲ့ပေမယ့်
လွတ်မပစ်ရစ်ဘူး ဘာလို့ဆို
ဒီခေါင်းစည်းကြိုးလေးက
ကိုကိုပေးတဲ့ ခေါင်းစည်းကြိုးလေးမို့လေ

ကိုကိုနဲ့ ပထမဆုံး date တဲ့နေ့မှာ
ကိုကို့ဆီက ရခဲ့တဲ့
ငါးရာတန် ခေါင်းစည်းကြိုးလေး

သိပ်တော့တန်ဖိုးမကြီးပါဘူး
ဒါပေမယ့် ယာယာ အတွက်တော့
အဖိုးတန်လွန်းတဲ့ ခေါင်းစည်းကြိုးလေးလေ

တနေ့ကိုကိုက လမ်းခွဲမယ်လို့ပြောခဲ့တယ်
ယာယာ ကိုကိုအလိုကျ ခေါင်းငြိမ့်ပေးလိုက်တယ်
ယာယာ သိပါတယ် ကိုကိုမချစ်တော့ဘူးဆိုတာ

ယာယာအရမ်းဝမ်းနဲနေပေမယ့်
ကိုကိုပျော်ဖို့အဓိကမို့
ယာယာ လက်လျော့လိုက်တယ်
ပီးတော့ ကိုကိုနဲ့ပတ်သက်တဲ့
အမှတ်တရအားလုံး လွင့်ပစ်လိုက်တယ်

လွင့်ပစ်လိုက်တဲ့အထဲမှာ ငါးရာတန်
ခေါင်းစည်းကြိုးလေးတော့ မပါခဲ့ဘူးလေ

သွားလေရာ ခေါင်းစည်းကြိုးလေး
လက်မှာပတ်သွားတယ် ခေါင်းမှာစည်းထားရင်
ပြုတ်ကျသွားတဲ့အချိန် မသိလိုက်မှာစိုးလို့
လက်မှာပဲ ပတ်သွားတယ်
စတိုင်လည်းဖြစ်တယ်လေ

ဒီနေ့ mall တစ်ခုကိုသွားရင်းနဲ့
ခေါင်းစည်းကြိုးအသစ်ခလေး ထပ်တွေ့တယ်
အရမ်းလှနေပေမယ့် ယာယာလက်မှာ ပတ်ထားတဲ့ ခေါင်းစည်းကြိုး အဟောင်းလေးလောက်
လှတယ်လို့မထင်ဘူး

ယာယာခုတလော မေ့မေ့လာတယ်
ခုလည်း သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ဖို့ဆိုပီး
ကိုကိုပေးတဲ့ ခေါင်းစည်းကြိုးလေးကို
တဖက်လမ်းက အုတ်ခုံလေးပေါ် ချွတ်ထားခဲ့မိတယ်

သူငယ်ချင်းတို့

ဘာဖြစ်လဲ ယာယာ

ယာယာခေါင်းစည်းကြိုးလေးမေ့ခဲ့လို့ ပြန်သွားယူလိုက်မယ်နော်

ထားခဲ့ပါ ယာယာရယ် စျေးကြီးလို့လား

စျေးတော့မကြီးပေမယ့်

စာတိုDonde viven las historias. Descúbrelo ahora