"အနက်ရောင်မြင်းတပ်...."

မင်းသားအိုင်းဆက်က ထိုမျှသာအသံပြုကာ ကျောဘက်ဆီမှ မြားကိုယူ၍ ခေါင်းဆောင်ဟုထင်ရသည့် အရှေ့ဆုံးမှ လူထံသို့ ပစ်လွှတ်လိုက်သော်လည်း တဖက်လူမှာလဲ အသံကိုသတိထားမိဟန်ဖြင့် ကိုယ်ကိုမတ်၍ ရှောင်လိုက်သည်မို့ မြားကအရာမရောက်ခဲ့။ ထို့်အတူ အသိပေးလိုက်သလို ဖြစ်သွားခဲ့ခြင်းကြောင့် တန်ပြန်တိုက်ခတ်မှုမလာခင် မင်းသားအိုင်းဆက်က ဓားရှည်ကိုဆွဲထုတ်၍ ရန်သူများရှိရာဆီ ပြေးတက်သွားသည်။

"အရှင့်သား အရှင့်သား!! ကျွန်တော်မျိုး ဓားမခုတ်တတ်ဘူး"

ဆွဲချိန်လဲမရလိုက်သည့်အပြင် နှုတ်ကထွက်မိထွက်ရာတွေပါ ထွက်လာသည့်တိုင် နောက်ဆုတ်၍မရတော့။ ​ကောင်းယံသည်လည်း မိမိဓားကိုဆွဲထုတ်ကာ ညာသံပေး၍ လိုက်ခဲ့တော့သည်။ ခေါင်းဆောင်ဖြစ်ဟန်တူသူမှာ မင်းသားနှင့်တိုက်နေကြပြီဖြစ်၍ ကျန်နှစ်ယောက်ကတော့ လက်လက်ထနေသည့် ဓားရှည်ကြီးများ ကိုင်မြှောက်ကာ မိမိထံသို့ ပြေးဝင်လာနေသည်။

မထူးတော့.....Kendo သင်ကြားခဲ့ချိန်ကအတိုင်း ဓားအရိုးကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ကာ ရှေ့တည့်တည့်တွင်ထားလိုက်သည့် တခဏတော့ ​ပြေးဝင်လာသည့် ထိုလူနှစ်ယောက်မှာ ရပ်တန့်သွားခဲ့ကြသည်။

"မမြင်ဖူးဘူးမဟုတ်လား လာပါ ။ မင်းတို့ Kendo အကြောင်းသိစေရမယ်"

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

လပေါင်းများစွာ လိုက်ရှာနေခဲ့ရသည့် မြင်းတပ်၊ မိမိအားမြားဖြင့်ချောင်းပစ်ခဲ့သည့် မြင်းတပ်၊ တိုင်းသူပြည်သားတွေရဲ့ အကြောက်တရားကို တက်စေခဲ့သည့် မြင်းတပ်၊ အနက်ရောင်မြင်းတပ်ကား မိမိဧ။်ရှေ့မလှမ်းမကမ်းတွင် ​ရောက်ရှိနေပြီဖြစ်သည့်အတွက် ထိုအခွင့်အရေးကို အိုင်းဆက်လက်လွှတ်ခံလို့မဖြစ်ချေ။

မြားတစ်စင်းပစ်လွှတ်လိုက်သော်လည်း ထိုအနက်ရောင်ဝတ်စုံနှင့်လူမှာ ကိုယ်ကိုယို့ရှောင်လိုက်ခြင်းကြောင့် လွဲသွားပြီဖြစ်သည်။ အချိန်မဆိုင်းလိုစွာ အိုင်းဆက်မှာ ဓားကိုထုတ်၍ ပြေးဝင်သွားကာ ထိုလူအား အားနှင့်ပိုင်းချလိုက်သည်။ ဦးခေါင်းပေါ်သို့ကျလုဆဲဆဲ ဓားချက်ကို ထိုလူက သူဧ။်ဓားဖြင့် ခံထားသော်လည်း မိမိဧ။်အားပါလှသော ခုတ်ချက်ကြောင့် မြေကြီးပေါ် ဒူးတဖက်ထောက်ကျသွားခဲ့သည်။

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Hikayelerin yaşadığı yer. Şimdi keşfedin