" ခဏလေး..မောင် ခုဏပြေးလာတော့ အပ်တွေပြုတ်ကုန်တာ။ နာ နေလားဟင် "

ရှောင်းကျန့်က ရိပေါ်ရဲ့ ညာဘက် လက်ဖမိုးကို ခပ်ဖွဖွကိုင်ပြီး အသံခပ်တိုးတိုးဖြင့် ပြောသည်။

" မောင် မနာပါဘူး။နာလည်း ခဏပဲလေ..ကျန့်ကော မောင့်ကို စိတ်မဆိုးတာ သေချာတယ်မို့လား "

" အွန်း..သေချာတာမို့။နောက်တစ်ခါ ငြိမ်ငြိမ်လေးနေပေးနော်..ငါ အခု ဆရာဝန်သွားခေါ်မလို့ ထိုင်နေပါ။ "

" မြန်မြန် ပြန်လာနော်... "

ရှောင်းကျန့် ရိပေါ်နှာဖူးပြင် မွတ်မွတ်ကို နမ်းရှိုက်လိုက်ပြီးမှ ထွက်လာလိုက်သည်။ရင်ထဲက နာကျင်မှုတွေကတော့ သက်သာလာခဲ့သည်။

ရှောင်းကျန့် ထွက်သွားတော့ ရိပေါ် ဆေးရုံပြတင်းပေါက်ကို ကြည့်မိသည်။နေတောင်ဝင်နေပြီပဲ...ပထမဆုံးတွေ့တုန်းကလို အချိန်လေး..

ရိပေါ် အတိတ်ကိုပြန်လည် တူးဆွနေတုန်း ဆရာဝန်နဲ့အတူ ကျန့်ကော ရောက်လာသည်။

" လူနာ..နောက်တစ်ခါ ဒါမျိုးထပ်မလုပ်ပါနဲ့ အနာအရင်းက ရှိနေတော့ ထပ်ဖြစ်ရင် ပိုနာမယ် "

" ဟုတ် ဆရာ "

​ဆရာဝန်က ရိပေါ်ကို ဆေးပုလင်းအသစ်ထပ်ချိတ်ပေးသွားပြီး ဂရုစိုက်ရန်မှာနေသည်။ကျန့်ကောကတော့ ခုဏယူလာတဲ့ သစ်သီးပန်းကန်လေး ကိုင်ကာ စောင့်နေသည်။

" ကျန့်ကော... "

" ပြောတာ ကြားတယ်မှတ်လား။နောက်တစ်ခါ မလုပ်ရဘူးနော် "

" ကျန့်ကော ထားမသွားရင်ဖြစ်ပါတယ် "

ရှောင်းကျန့် ပန်းကန်းထဲက ပန်းသီးတစ်စိတ်ကိုယူပြီး ရိပေါ်ကို ခွံကျွေးလိုက်သည်။

" ချိုတယ်..ကျန့်ကော ခွံကျွေးလို့ "

" အပိုတွေတအား ပြောတယ်နော် "

ရိပေါ်ဆေးမချိတ်ထားသည့် ဘယ်ဘက်လက်ဖြင့် ပန်းကန်ထဲက စပျစ်သီးလေးတစ်လုံးကို ယူကာ ကျန့်ကောအား ပြန်ခွံကျွေးလိုက်သည်။

" ငါ မစားချင်ဘူး "

" မရပါဘူး..မဟုတ်ရင် ဒီဘက်လက်.. "

🍂 မောင် 🍂Where stories live. Discover now