𝐋𝐎𝐕𝐄 𝐢𝐬 𝐋𝐎𝐕𝐄 💕 Ep 8 (U&Z)

Start from the beginning
                                    

" မရပါဘူး ... ဒီက ၀န်ထမ်းအသစ် နှစ်ယောက်လုံး လိုက်ကို လိုက်ရမယ် "

" .................... "

ရောင်နီ ငြင်းလို့မရတော့ ၊ စီနီယာဆိုတော့လည်း
သူ ဒီထက်ပိုပြီး မပြောရဲ ...

ခနကြာတော့ ‌လရောင်တမန်က ဌာနမှူး အခန်းထဲ ၀င်သွားသည် ။

" လရောင် ! လာလေကွယ့် "

" ကျနော် မလိုက်တော့ဘူး ၊ လူရှုပ်တာ
သိပ်မကြိုက်လို့ "

အားလုံးက Supirse လို့သာ ပြောနေတာ ၊ နှစ်တိုင်းဆို‌တော့ ဌာနမှူးက ကြိုသိနေပုံရသည် ။

" ဟဟ ! အဲ့တာကို ဒီအထိ လာပြောရလား "

လရောင်က ဌာနမှူးကို လေးစားသမှုနဲ့ သူကိုယ်တိုင်လာပြောပုံရသည် ၊ ရုံး စောစောဆင်းဖို့လည်း ပြောဖို့ ဖြစ်သည်

" အဲ့တာဆို ကျနော် အခု ရုံးဆင်းတော့မယ် "

အခန်းအပြင်ပြန်ထွက်ချိန် ... တံခါး၀မှာ ရပ်နေသော ဇောင်းရိပ် .....

" လရောင်တမန် ? ဌာနမှူးနဲ့ ရင်းနှီးပုံဘဲ "

" .................... "

လရောင်က ဘာမှ ပြန်မဖြေဘဲ ... ခပ်တည်တည်
ကျော်သွားသည် ၊ ဇောင်းရိပ်က ခက်ထေ့ထေ့လေး ပြုံးကာ ... သက်ပြင်ချလိုက်ရင်း ... ဌာနမှူး အခန်းသို့ ၀င်လာသည်

လရောင်တမန် ရုတ်တရက် သတိရသွားသည် ၊ ခြေလှမ်းတွေ ရပ်တန့်လိုက်ပြီး .... တစ်ခုခုစဉ်းစားနေဟန်

* အကုန်လုံး ? သူပါ ပါမှာပေါ့ ? *

အခုမှ သူဇောင်းရိပ်ကို သတိထားမိသွားသည် ၊ ဒီည ညစာစားပွဲမှာ ဇောင်းရိပ်ရော ရောင်နီရောပါ
သေချာပေါက် ပါမှာကို ....

* တောက် ချီးကွာ ! *
_____________________________

မိနစ် ၃၀ ကြာသော် ....

ကားပေါ်မှာ ထိုင်နေသော လရောင်တမန် ...
အခုထိ အိမ်မပြန်သေး .... ရုံးက ထွက်လာတည်းက ကားပေါ်ထိုင်စောင့်နေပုံ ရသည်

" ရောင်နီ ! ကိုယ့်ကားနဲ့ လိုက်ခဲ့မလား ? "

ဇောင်းရိပ်က အချိုသာဆုံးပြုံးရင် လှမ်းခေါ်လိုက်သည် ။

𝐋𝐎𝐕𝐄 𝐢𝐬 𝐋𝐎𝐕𝐄  💕 ( 𝐙&𝐆 )Where stories live. Discover now