ရှောင်ကျန့် ဒီနေ့ ညဂျူတီ မရှိပါပဲနဲ့ တခြားဆရာဝန်တွေနဲ့အတူ ကူပြီး လူနာတွေကို ကြည့်ပေးနေရတာနဲ့တင် ညဆယ်နာရီလောက်နီးနီး ရောက်သွားတယ်
ဆေးရုံမှာ ညအိပ်လို့တော့ ရပေမယ့် လူက နွမ်းနေတော့ ရေမိုးချိုးပြီး အိမ်မှာပဲ အေးအေးဆေးဆေး နေချင်တာနဲ့ပဲ ထွက်လာခဲ့လိုက်တယ်
ဒါပေမယ့် ကံဆိုးချင်တော့ ဒီနေ့ သူ့အိမ်ကို ပြန်တဲ့ busကား က ထွက်သွားနှင့်ပြီ
နောက်၂နာရီလောက်နေမှ နောက်busက ရောက်လာမှာ ဖြစ်တယ်
Taxiလည်း မငှားချင်တာနဲ့ busကားမှတ်တိုင်မှာပဲ
နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်း စောင့်နေလိုက်တော့တယ်
ခဏနေတော့ ရှောင်ကျန့်အနားကို ရောက်လာတဲ့ ကားတစ်စီး
ကားမီးက ရှောင်ကျန့်မျက်နှာကို ထိုးနေတော့ အထဲကလူကို မမြင်ရဘူး
ခဏနေတော့ ကားမီး ပိတ်သွားပြီး ထွက်လာတဲ့သူက
ဟို ကလေးပေါက်

"ကျန့်ကော''

"အာ ရိပေါ်ပါလား မတွေ့တာ ကြာပြီနော် ''

"ကော မပြန်သေးဘူးလား''

"Omm busစောင့်နေတာ စောနက မမီလိုက်လို့ မင်းကော ခုမှ အလုပ်က ပြန်လာတာလား''

"ဟုတ် အမှုတစ်ခု စုံစမ်းနေလို့ ကြာသွားတာပါ ဒါနဲ့ ကော busက ဘယ်အချိန် လာမှာလဲဟင် သိပ်မကြာဘူးဆို ကျွန်တော် ကူစောင့်ပေးရမလားဟင်''

"ရပါတယ် မင်း သွားစရာ ရှိတာသာ သွားပါ busကားက စောနကမှ တစ်စီးထွက်သွားတာဆိုတော့ နောက်တစ်စီး လာဖို့က ၂နာရီလောက် လိုသေးတယ်''

" အ့လောက် အကြာကြီးလား ဟို...လေ ကျန့်ကော စိတ်မရှိရင် ကျွန်တော့်ကားနဲ့ လိုက်ခဲ့ပါလား''

" ရပါတယ် ငါ စောင့်နေနိုင်ပါတယ် မင်း သွားစရာ ရှိတာသာ သွားစမ်းပါ''
ရှောင်ကျန့်ပြောလိုက်တာ ဒေါသ သံ နည်းနည်း ပါသွားတယ်
လူက ပင်ပန်းနေတာကော busကားစောင့်ရလို့ စိတ်ညစ်နေတာပါပေါင်းပြီး သူ့ကို အော်မိသွားတယ်
ရှောင်ကျန့် လွန်သွားမိတယ်ထင်တယ် သေချာကြည့်ရင် ကောင်လေးက မျက်ရည်ဝဲနေသလိုပဲ

"ဟို ငါပြောတာက''

"ကျန့်ကော က ကျွန်တော်နဲ့ မလိုက်ချင်တာလားဟင်''

You💞💞💞(unicode + zawgyi)Unde poveștirile trăiesc. Descoperă acum