"တော်ပါပြီတော် ပို့တဲ့သူက အားကျန့်ကို စားစေချင်လို့လေ ကျဲက ယူမစားရက်ပါဘူး ကဲပါ ကျဲသွားပြီနော် အရသာရှိရှိစားလိုက်ပါဦး''

"ဟီး...ဟုတ်''

ရှောင်ကျန့် macroonဘူးလေးကို သေချာကြည့်ကြည့်လိုက်တော့ အောက်ဘက်နားမှာ အစိမ်းရောင်စာရွက်လေးတစ်ခု ဝက်ရုပ်stickerလေးတွေနဲ့
" အရသာရှိအောင်စားပြီး လူနာတွေကို ကယ်တင်ပါ''လို့ရေးထားတယ်
အောက်ဘက်မှာတော့ အနီရောင်အသဲပုံတစ်ခုကိုဆွဲထားပြီး အစက်ကလေးတစ်ခု ရေးဆွဲထားသေးတယ်
ပေးတဲ့သူက တော်တော်လေး ကလေးဆန်တာပဲ
ဆယ်ကျော်သက်ကလေးတွေဖြစ်မယ်ထင်တယ်
တကယ်ပါပဲ ကလေးမလေးတွေကတော့ စာကြိုးစားမယ်မရှိဘူး ရှောင်ကျန့်က ဒါမျိုးတွေ မကြိုက်ပါဘူး
Macroonတွေကိုလည်း ပြီးမှ ကောင်တာက သူတွေကို သွားကျွေးတော့မယ်ဆိုပြီး စားပွဲပေါ် တင်ထားလိုက်တယ်

"ဒေါက်...ဒေါက်...ဒေါက်''

"ဝင်ခဲ့ပါ''

"အာ....ငါက အမယန်လီထင်လိုက်လို့ မေ့အော် ဘကိစ္စရှိလို့လဲဟင်''

" လင်း က ကိစ္စရှိမှ ရှောင်းဆီ လာရမှာလား''

"အ့လို မဟုတ်ပါဘူး ငါက ဒီအတိုင်း ပြောလိုက်တာ''

"ရပါတယ် လင်းက စတာပါ လင်း နောက်လဆို
အီတလီကို ပညာတော်သင် သွားရတော့မှာမလို့ လင်းက လာနှုတ်ဆက်တာပါ ''

"အာ...ဟုတ်လား မေ့အော်အတွက် ဝမ်းသာပါတယ် အနောက်တိုင်းဆေးပညာတွေကို ကောင်းကောင်း လေ့လာလို့ရတာပေါ့''

"အင်း''
* လင်းအတွက် အ့စကားပဲ ပြောစရာရှိတာလား ရှောင်းရယ် ဒါပေမယ့် လင်း ပြန်လာရင်တော့
မျှော်လင့်လို့ရသေးတယ်မလား*

"ဒါနဲ့ ဒီmacroonဘူးလေးတွေက''

"အာ... ဒါကလား တစ်ယောက်ယောက်က ပေးတာပါ စားကောင်းတယ် မေ့အော်ကော ယူဦးမှာလား''

ရှောင်ကျန့်လည်း မေ့အော်ရှေ့မှာဆိုတော့ macroonတစ်ခုကို ပါးစပ်ထဲထည့်လိုက်တယ်
အရသာက လုံးဝကို အံ့သြဖို့ကောင်းတယ်
ချိုတာတွေကို သိပ်မကြိုက်တဲ့ ရှောင်ကျန့်တောင်
တစ်ခါစားရုံတင်နဲ့ ထပ်စားချင်လောက်အောင် စွဲမက်ဖွယ်ကောင်းလွန်းတယ်
ဒီလိုမှန်းသိရင် အရင်တုန်းက မုန့်တွေလည်း ယူစားခဲ့ပါတယ်

You💞💞💞(unicode + zawgyi)Where stories live. Discover now