ရိပေါ်လည်း ပြန်ထွက်လာတဲ့အချိန် ''ချစ်သော'' နဲ့ဆင်တူတဲ့သူကို မြင်လိုက်ရတယ် သူလဲ ဒေါ်လေးဆီက ဖုန်းလာလို့ ပြောနေရင်းကဆိုတော့ သိပ်တော့မသေချာလိုက်ဘူး
*မဖြစ်နိုင်တာ '' ချစ်သော'' က ခုချိန် ဆေးရုံမှာ ရှိမှာပေါ့ မနက်ဖြန်မှ သွားတွေ့ရမယ် '' ချစ်သော'' ကို တွေ့ချင်တာနဲ့ အကုန်လုံးကို စိတ်စွဲပြီး မြင်နေတယ်*

"ဟုတ် ဒေါ်လေး ကျွန်တော် လာပြီနော်''

ရိပေါ်ရဲ့ကားလေးလည်း ကွန်ဒိုတိုက်ခန်းဆီ ပြန်မောင်းလာခဲ့တော့တယ်
အခန်းရှေ့ရောက်တော့ ဒေါ်လေးက အထုပ်တွေအများကြီးနဲ့ ရပ်စောင့်နေလေရဲ့

"ဒေါ်လေးရယ် အခန်းpwသိနေတာပဲ ဝင်လိုက်တာတော့မဟုတ်ဘူး အထုပ်တွေက အလေးကြီးကို''

" အ့လိုတော့မဟုတ်ဘူးလေ သားဝမ်ရယ် သားအခန်းကို သားမရှိဘဲ မဝင်ချင်ပါဘူး ပြီးတော့ pw ရိုက်ထည့်ဖို့ ဒေါ်လေးလက်ကလည်း မအားလို့လေ''

"ဟုတ်ပါပြီ ကျွန်တော် ရိုက်ပေးမယ်နော်.... ''

"တီ''(တံခါးဖွင့်သံ)

"အမလေး ပူလိုက်တာ beijing က အတော်ပူတာပဲနော်''

" အ့ကြောင့်မလို့ ဒေါ်လေးကို ခဏခဏမလာဖို့ပြောတာပေါ့ ပင်ပန်းအောင်လို့ ဒေါ်လေးရယ်''

" အော် ကိုယ့်တူလေးနဲ့သားလေးအတွက်ပဲဟာ မပင်ပန်းပါဘူး''

" ဒါနဲ့ ကောဆီကိုကော ရောက်ပြီးပြီလား ဒေါ်လေး ကျွန်တော် လိုက်ပို့ပေးရမလား''

"ဝင်ပြီးပါပြီ သားဝမ်ရယ် သားဝမ်ကမှ သိတတ်သေးတယ် အိမ်ကကောင်ကတော့ မွေးရကျိုးကို မနပ်တာ
သားဝမ်လိုကို အလိုက်မသိဘူး ကိုယ့်အမေက စေတနာနဲ့ အပင်ပန်းခံပြီး ယူလာပေးတာကို ဒင်းက အော်ချင်နေသေးတာ ထားပါ သူ့အကြောင်းပြောရရင်
အသက်တိုလိမ့်မယ် ဒီတစ်ခါ ဒေါ်လေး သားကြိုက်တဲ့ဟင်းတွေ အများကြီး ထပ်လုပ်လာပေးတယ်နော် နောက်လအတွက်ကော ဘာတွေထပ်လုပ်ပေးရဦးမလဲ''

" ရပါတယ် ဒေါ်လေးရယ် ဒေါ်လေး ပင်ပန်းမှာပေါ့ ကျွန်တော်က ဒီအတိုင်းဆိုင်က ဝယ်စားလည်း ရပါတယ်''

"ဘယ်ဟုတ်ပါ့မလဲ သားရယ် အိမ်ကချက်တာက ဆိုင်ထက် ပိုသာပါတယ် ကျန်းမာရေးနဲ့လည်း ညီညွတ်တာပေါ့ ပြီးတော့ ပိုက်ဆံကုန်ပါတယ် အပြင်မှာဝယ်စားတော့''

You💞💞💞(unicode + zawgyi)जहाँ कहानियाँ रहती हैं। अभी खोजें