"အေးပါကွာ ငါလည်း မနေ့က မင်းအခြေအနေ ပြင်းထန်လို့ စိတ်ငြိမ်ဆေး ထိုးလိုက်ရတာပါ sorryကွာ''

" ရပါတယ်ကွာ မင်းနဲ့ငါက ပြောရမယ့် သူတွေမှ မဟုတ်တာ ဒါနဲ့လေ အမယန်လီ ကျွန်တော် မေ့နေတာ ဘယ်နှနာရီရှိပြီလဲ''

" အခု ၅နာရီခွဲဆိုတော့ ၂နာရီခွဲလောက်တော့ ရှိပြီ ဘာလို့လဲ အားကျန့်''

"တော်တော်တောင် အချိန်လင့်နေပြီပဲ ဒါနဲ့ ဒီဆေးတစ်ပုလင်းကုန်ရင် ကျွန်တော်ထလို့ ရပြီလား လူနာတွေ ကြည့်ရဦးမှာမလို့''

" နေပါဦးကွာ မင်းအရင် အနားယူလိုက်ပါ ငါနဲ့ ကုဝေပဲ ဆက်လိုက်ကြည့်လိုက်ပါ့မယ်''

" ဟုတ်ပါတယ် စီနီယာရယ် ကျွန်တော်နဲ့  ကျိုးချန်ကောပဲ ကြည့်လိုက်ပါ့မယ် နားလိုက်ပါဦး''

" မင်းက ဘာသိလို့လဲ အရေးကြီးတဲ့ လူနာတွေက အများကြီးပဲ ကျိုးချန် တစ်ယောက်ထဲနဲ့ နိုင်မှာ မဟုတ်ဘူး ပြီးတော့ မင်းက ခုမှ အလုပ်သင်မလား ကျိုးချန်တစ်ယောက်ထဲ တိုင်ပတ်နေမှာပေါ့''

" သွေ့ပုကျိပါ စီနီယာ ကျွန်တော်က ဒီအတိုင်း ပြောမိလိုက်တာပါ 😢''
ကုဝေတစ်ယောက် စီနီယာပြောလိုက်တာကြောင့် ငျိုမဲ့မဲ့လေး ဖြစ်နေတယ်

"ဆောရီး...ကု..''
ရှောင်ကျန့်စကားဆုံးအောင်တောင် မပြောရသေးဘဲ ကုဝေက ပြေးထွက်သွားခဲ့တယ်

" ရှောင်ကျန့်ရာ မင်း လူနာတွေကို ဂရုစိုက်တာ
သိပေမယ့် မင်း ကုဝေကို အ့လိုတော့ မပြောသင့်ဘူးနော် ကဲပါ နားနေလိုက်ပါဦး ငါသွားတော့မယ် အမယန်လီ သူ့ကို သေချာလေး စောင့်ကြည့်ထားပေးပါနော် အခန်းထဲကနေ ထွက်မလာအောင်''

"စိတ်ချ အားချန် သူ အခန်းထဲကနေ ခြေတစ်လှမ်းမှ မထွက်ရအောင် ကြည့်ထားလိုက်မယ်''

"ကျွန်တော် သွားတော့မယ် ရှောင်ကျန့် ငါ သွားပြီ''

"အေး အေး''

ကျိုးချန်တစ်ယောက် အခန်းထဲက ထွက်လာပြီး ကုဝေကို လိုက်ရှာတော့ ဆေးရုံဝင်းထဲက ခုံတန်းလေးမှာ ထိုင်နေတာ တွေ့ရတယ် ဖုန်းလာလို့ ပြောနေတယ်
သူများ privacy မ နှောင့်ယှက်ချင်တာနဲ့ပဲ မနက်ဖြန် မှ ရှင်းပြပြီး ရှောင်ကျန့်အစား တောင်းပန်ဖို့ ဆုံးဖြတ်လိုက်တယ်

You💞💞💞(unicode + zawgyi)Where stories live. Discover now