ရုပ်ရှင်အတွက်လုပ်နေတာဖြစ်ပေမယ့်လို့ သူကတော့ သူ့ရဲ့အကောင်းဆုံးဆိုတာတွေနဲ့ပဲ ကြိုးစားပြချင်သည်။

ညနေ ငါးနာရီမှာ ထရိန်နင်ပြီးတော့ ဟယ်သွမ့်ယန်က သူ့ကို ညစာအတူစားဖို့ ဖိတ်ခေါ်လာ၏။ ဒါပေမယ့် ဒိတ်လုပ်ဖို့ရှိနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နန်ဟွိုင်လင် ငြင်းပယ်လိုက်သည်။

သူ အိမ်မပြောင်းခင်လေး ဖေ့ချန်အတွက် နေ့တိုင်း ချက်ပြုတ်ပေးချင်သည်။ မနေ့က စျေးဝယ်ထားပြီး စားစရာတွေတော်တော်များများ ကျန်နေသေးတာကြောင့် နန်ဟွိုင်လင် အိမ်ကိုတန်းပြန်လာလိုက်သည်။ အိမ်ပြန်ရောက်တော့ ရေချိုး အဝတ်လဲကာ စတင်ချက်ပြုတ်လိုက်သည်။

ဖေ့ချန် အိမ်ပြန်ရောက်တော့ စားပွဲပေါ်မှာ ပူပူနွေးနွေး ထမင်း ဟင်းများက နေရာယူထားကြသည်။ နန်ဟွိုင်လင်က သူ့ကို လက်ဆေးပြီး လာစားဖို့ပြောတော့ ဖေ့ချန်ပြုံးကာ ပြန်ဖြေပေးလိုက်သည်။ လူတစ်ယောက်ရဲ့ ဘဝအစစ်အမှန်ဆိုတာ ဒါကိုခေါ်တာမှန်း သူတွေးလိုက်မိပြီး သူ ဖြတ်သန်းလာခဲ့တဲ့ နှစ်နှစ်ရာက အဓိပ္ပါယ်မဲ့သက်သက်သာဖြစ်နေခဲ့သည်။

နောက်ရက်အနည်းငယ်ကိုလဲ ဒီလိုပဲ အလုပ်တွေရှုပ်နေကြကာ သာသာယာယာနဲ့ဖြတ်သန်းလာကြသည်။

နန်ဟွိုင်လင် မနက်ခင်းမှာ ဇာတ်ညွှန်းဖတ်တယ်..နေ့လည်ကျရင် ရေကူးသွားကျင့်တယ်...ပြီးရင် စူပါမားကတ်မှာ စျေးဝင်ဝယ်တယ်။ အိမ်ပြန်ရောက်လို့ ဖေ့ချန်နဲ့ အတူ ချတ်ပြုတ်စားသောက်ပြီးရင် ခွေးနဲ့လမ်းလျှောက်ထွက်ကြတယ်..အဲ့ကနေ ပြန်လာရင် သူတို့ ရုပ်ရှင်အတူတူကြည့်တယ်..ဒါမှမဟုတ် သူတို့ လုပ်စရာရှိတာလုပ်တယ်..နောက်ဆုံးမှာ အိပ်ရာဝင်ကြတယ်..

ဒီအချိန်အတောအတွင်းမှာ နန်ဟွိုင်လင်က အိမ်ပြောင်းမဲ့အကြောင်းကိစ္စကို တစ်ခွန်းမှ ဟမလာခဲ့ပေ..

ကြာသာပတေးနေ့ မနက်ခင်းမှာ မိန်ထျန်းကျူက သူနဲ့ သင့်တော်တဲ့တိုက်ခန်းတစ်ခုကို ရှာတွေ့ထားတာကြောင့် မငှားခင် တစ်ချက်လောက်လာကြည့်ဖို့ ဖုန်းဆက်လာခဲ့သည်။

နန်ဟွိုင်လင် အိမ်ကိုသွားကြည့်လိုက်တော့ ထိုတိုက်ခန်းက Dongdanနဲ့ သိပ်မဝေးလှတဲ့ Baiziwanပတ်ဝန်းကျင်နားမှာ ရှိတာကို တွေ့လိုက်ရ၏။ အိပ်ခန်းတစ်ခုပါပြီး အကျယ်အဝန်းက ငါးမီတာပတ်လည်လောက်ရှိကာ ပရိဘောဂတွေကလည်း ပြည့်ပြည့်စုံအောင်ပါပြီး သန့်ရှင်းသပ်ရပ်လှ၏။ တစ်လတာငှားရမ်းဖို့အတွက် 5800ပေးရမည့်ဖြစ်ပြီး စရန်ငွေ 3000က အရင်ပေးချေရ၏။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now