"အရှင့်သား!"

အိပ်ရာ​ပေါ် မရောက်ရှိနိုင်ပဲ ကုတင်စောင်းနှင့်ကျောကုန်း ရိုက်မိတော့မည့် အနေအထားကို မြင်လိုက်ရပြန်တော့လဲ မနေနိုင်စွာ​ပြေး၍ ကျောဘက်ဆီသို့ လက်လျှိုကာ ခပ်မြန်မြန် လှမ်းပွေ့ထိန်းလိုက်သည်။ သို့သော် မိမိသာလျှင် အိပ်ရာပေါ်ပစ်ကျ၍ လည်ပင်းဆီလက်တဖက်ဖြင့် ပြန်ဖိခြင်းကိုသာ ခံလိုက်ရတော့သည်။

ခြေပစ်လက်ပစ်လန်ကျသွားသည့် ခန္ဓာကိုယ်​ကြောင့် တစုံတရာ ထိခိုက်မှုမရှိစေရန် အလျှင်အမြန်လှမ်းပွေ့ထိန်းလာသည့် Kingsley ကို အိုင်းဆက်အံ့အားသင့်မိသွားသော်လည်း သံသယဟာ သံသယပင်ဖြစ်သည်။ ထို့ကြောင့် လှမ်းပွေ့ထိန်းလိုက်သည့် Kingsley ကို ပြန်ဖက်၍ တစ်ပတ်လှည့်ကာ ကုတင်ပေါ်ဖိချလိုက်သည်။

ထို့နောက် Kingsley လည်ပင်းကို မိမိဧ။်ဘယ်လက်ဖျံဖြင့် ဖိကပ်ထားကာ ညာလက်ကတော့ အိပ်ရာဘေးအမြဲထားလေ့ရှိသည့် အိပ်ဆောင်ဓားမြှောင်လေးကို ဆွဲယူကာ Kingsley ဧ။်ဝမ်းဗိုက်ဆီသို့ ထောက်ထားလိုက်တော့သည်။

"ဘာအကြံအစည်နဲ့ ​ရောက်လာတာလဲ။ မင်းကိုဘယ်သူလွှတ်တာလဲ။ ဘာကြောင့် Kingsley နဲ့ မင်းတစ်ထပ်တည်းတူနေရတာလဲ"

"............"

"ပြောစမ်း! ငါ့ဓား မင်းဗိုက်ထဲဝင်မသွားခင်"

"အရှင့်သားရဲ့ကျန်းမာ​ရေးကိုငဲ့ပြီး စိတ်ထိန်းပါဦး။ အထင်လွဲမှားနေတာရှိရင် ကျွန်တော်မျိုး ရှင်းပြပေးမှာဖြစ်လို့..."

"အဆိပ်ရဲ့ဆိုးကျိုးကြောင့် အကြောင်းအရာတချို့၊ လူတချို့ကို မမှတ်မိဘူးလို့ မင်း ထပ်ပြောဦးမှာပဲ။ "

"မယုံကြည်နိုင်စရာ​ပေမယ့် ကျွန်တော်မျိုး တကယ်ပဲ အဲ့ဒီလိုဖြစ်နေတာပါ အရှင့်သား"

"အကြောင်းအရာတချို့ ​မေ့လျော့တဲ့အထဲ ကိုယ်တိုင်ရဲ့ အလေ့အထ၊ အမူအကျင့်တွေပါ ပါသွားစရာမရှိဘူး Kingsley။ အပြုံးအရယ် မရှိခဲ့တဲ့ လူတစ်ယောက်က စိတ်လိုလက်ရနဲ့လူတိုင်းကို လိုက်ပြုံးပြခဲ့တယ်လား။ ရဲမက်တွေကို အသေးစိတ်သင်ကြားပေးနေသူက ၊ အပြုအမူလေး အနည်းငယ်မှားယွင်းရင်တောင် ပြစ်ဒဏ်ပေးတတ်လွန်းသူက ငါ့ခမည်းတော်ကို​တော့ မှားပြီးဂါဝရပြုတယ်လား"

𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋Where stories live. Discover now